ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီစခန်းကို ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

Описание к видео ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီစခန်းကို ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

ကြာအင်းဆိပ်ကြီးမြို့ရှိ စစ်ကောင်စီစခန်းကို ပူးပေါင်းတပ် တိုက်ခိုက်သိမ်းပိုက်

YT

မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ သံဖြူဇရပ်- ဘုရားသုံးဆူ ကားလမ်းဘေးရှိ စစ်ကောင်စီ၏ လွတ်ရှမ်းစခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နှင့် PDFပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့ (SOF) ထံက သိရသည်။

လွတ်ရှမ်းစခန်းကို တပ်မဟာ (၆) KNLA၊ SOF၊ တောင်ညို၊ SOGပူးပေါင်းအဖွဲ့နှင့် Dawna Dragon ဒရုန်းအဖွဲ့၊ Cloud Wings ဒရုန်းပူးပေါင်းအဖွဲ့များက သြဂုတ်လ ၂၄ ရက်နေ့မှစ၍ တိုက်ခိုက်ခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်နေ့တွင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဟု သိရသည်။

ထိုစခန်းမှ စစ်ကောင်စီတပ်သား ၇၀ ကျော် ထွက် ပြေးသွားသဖြင့် စက်တင်ဘာလ၁၂ ရက်နေ့ နံနက်ပိုင်းတွင် ပူးပေါင်းအဖွဲ့များကနယ်မြေရှင်းလင်းပြီး စခန်းကို သိမ်းပိုက်ခဲ့ခြင်းဟုသိရသည်။ စစ်သုံးပစ္စည်းအချို့နှင့် ကျည်ခဲယမ်းအချို့ သိမ်းဆည်းရရှိခဲ့ပြီး နယ်မြေစိုးမိုးထိမ်းချုပ်ထားနိုင်ပြီဖြစ်ကြောင်း SOF ကဆိုသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုများကို ထည့်သွင်းဖော်ပြထားခြင်း မရှိချေ။

လွတ်ရှမ်းစခန်းသို့ စစ်ကူလာသည့် စစ်ကြောင်းကို ပြီးခဲ့သည့် သြဂုတ်လ ၂၄ ရက်နေ့တွင် KNLA ပူးပေါင်းတပ်က ဖြတ်တောက်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား ရှစ်ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာရခဲ့သည်ဟု SOF က ထုတ်ပြန်ထားသည်။

ထိုနေ့က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခဲ့ရာ လွတ်ရှမ်းရွာမှ ကျေးရွာနေအိမ်များ၊ ဘာသာရေးအဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေသခံအချို့ကပြောသည်။

လက်ရှိတွင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း အနန်းကွင်းဗျူဟာစခန်းအပါအဝင် စစ်ကောင်စီ စခန်းနှစ်ခုသာ ကျန်ရှိတော့ကြောင်း စစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

စာတည်း - အေးချမ်း

#ကြာအင်းဆိပ်ကြီးမြို့
#လွတ်ရှမ်းစခန်း
#KNLA

-----------------------------------------
Mizzima News in Burmese ရဲ့ Official telegram channel ဒီမှာ follow လုပ်ပါ https://t.me/mizzimatv
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ https://bit.ly/2VhJ12U or https://tinyurl.com/donatemzm

Subscribe our channel:
   / @mizzimanewstv  

Follow us:
Facebook | Myanmar Language   / mizzimadaily  
Facebook | English language   / mizzimamyanmarnews  
Facebook | Mizzima+TV   / mizzimaplustv  
Twitter   / mizzimanews  
Telegram https://t.me/mizzimatv
Sportify https://open.spotify.com/show/0JqldUl...
Mizzima TV App http://onelink.to/jnuwak
Mizzima Weekly Analysis & Insight Digital Magazine Subscription : https://mizzimadailynews.substack.com/
Website : www.mizzima.com
.....................
About us:
Mizzima today is recognized as the most accessed and trusted source of news for the people of Myanmar. Mizzima boasts over 21 million followers of our main Facebook page in addition to a digital daily newspaper in Burmese, Mizzima App, weekly English language magazine, and FM and shortwave radio broadcasting. In addition to the approximately 32 million people reached via Mizzima TV and Radio broadcasting.

Комментарии

Информация по комментариям в разработке