“ပြောင်းကို နောက်ပြန်လှည့်ရမယ့်အချိန် ရောက်နေပြီလို့ ပြောချင်ပါတယ်”

Описание к видео “ပြောင်းကို နောက်ပြန်လှည့်ရမယ့်အချိန် ရောက်နေပြီလို့ ပြောချင်ပါတယ်”

“ပြောင်းကို နောက်ပြန်လှည့်ရမယ့်အချိန် ရောက်နေပြီလို့ ပြောချင်ပါတယ်”

ဗိုလ်ကြီးလင်းထက်အောင် (CDM - တပ်မတော်အရာရှိ)

(၄- ၈- ၂၀၂၄)

“အာဏာရူး၊ သမ္မတရူး ရူးနေတဲ့ ဒီလူဆက်ရှိနေရင် တပ်မတော်ရဲ့အခြေအနေဟာ ဒီထက်ပိုဆိုးလာဖို့ပဲရှိတယ်ဆိုတာကို တပ်မှူး-တပ်သားတွေ သိသင့်ပါတယ်။ ဒီအချိန်ဟာ ပြောင်းကို နောက်ပြန်လှည့်ရမယ့်အချိန် ရောက်နေပြီလို့ပဲ ပြောချင်ပါတယ်” လို့ CDM - တပ်မတော်အရာရှိ ဗိုလ်ကြီးလင်းထက်အောင်က ပြောပါတယ်။

လားရှိုးအခြေစိုက် ရမခ စစ်ဌာနချုပ်ကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်တာ၊ ဒဏ်ရာရသူတွေကိုချန်ထားပြီး ရမခ ခေါင်းဆောင်ပိုင်းတွေထွက်ပြေးသွားတာ၊ အောက်ခြေတပ်တွေရဲ့ အခြေအနေမှန်ကို မလေ့လာပဲ သမ္မတရူး၊ အာဏာရူး ရူးနေတဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွင့်မယ် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

ရမခ ကို တော်လှန်ရေးတပ်တွေက သိမ်းပြီးတဲ့နောက် ရှမ်းမြောက်ဒေသမှာ ဘာတွေဆက်ဖြစ်လာနိုင်သလဲ...

ရှမ်း-မန်း စစ်ဆင်ရေးဆိုတဲ့အတိုင်း ရမခ ပြီးရင် လပခ ဖက်ကို စစ်ဦးလှည့်လာနိုင်သလား...

အောက်ခြေက စစ်သားတွေရဲ့ အသက်နဲ့ဘဝကို အလေးမထားပဲ အာဏာရူး၊ သမ္မတရူး ရူးနေတဲ့ စစ်ကောင်စီဥက္ကဌကို တပ်မတော်သားတွေက ဘယ်လို တုန့်ပြန်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။    / burmanewsnetwork  )
=====
BNN သတင်းဌာနသည် ဒီမိုကရေစီ နှင့် လူ့အခွင့်အရေးကို အလေးထားပြီး မြန်မာပြည်သူတို့အတွက် သတင်းမှန် များကိုသာ တင်ဆက်ပေးသွား မည်ဖြစ်သည်။
Burma News Network

Комментарии

Информация по комментариям в разработке