အိမ်ရှင်မတွေ အရေးနိမ့်နေတဲ့ ကုန်စျေးနှုန်းတိုက်ပွဲ - BBC News မြန်မာ

Описание к видео အိမ်ရှင်မတွေ အရေးနိမ့်နေတဲ့ ကုန်စျေးနှုန်းတိုက်ပွဲ - BBC News မြန်မာ

ရွှေစျေး၊ဒေါ်လာစျေးတွေ တက်တဲ့အရှိန်ကြောင့် စျေးလိုက်တက်ခဲ့တဲ့ အခြေခံစားသောက်ကုန်စည် စျေးနှုန်းတွေအပါအဝင် ထိုင်းနိုင်ငံက အများဆုံးတင်သွင်းတဲ့ ကုန်ပစ္စည်းတွေဖြစ်တဲ့ အလှကုန်၊ ဆေးဝါး၊ သွားတိုက်ဆေးနဲ့ ကော်ဖီမစ်စတာတွေလည်း တစ်မျိုးကို ထက်ဝက်လောက်အထိ စျေးတက်သွားပြီး အများစုကတော့ လိုချင်တာဝယ်လို့မရဘဲ ပစ္စည်းပြတ်တဲ့အထိ ဖြစ်နေပါတယ်။ ဝင်ငွေနဲ့ထွက်ငွေ မမျှတတဲ့အိမ်ထောင်စုတွေများစွာမှာ အိမ်စရိတ်ကာမိအောင် ရှေ့တန်းကနေ တိုက်ပွဲဝင်နေတာက အိမ်ရှင်မတွေပါ။ ဝင်ငွေနဲ့ထွက်ငွေ လောက်ငှမှုရှိအောင် ဘယ်လို ချက်ပြုတ်စားသောက်နေရလဲ ဆိုတာ ဘီဘီစီက ရန်ကုန်မြို့က အိမ်ရှင်မတွေနဲ့ စကားပြောထားပါတယ်။ ရန်ကုန်အပါအဝင် နိုင်ငံတဝန်းက ကုန်စျေးနှုန်းနဲ့ တိုက်ပွဲဝင်နေရတဲ့ အိမ်ရှင်မတွေအနေနဲ့မိမိတို့ရဲ့အတွေ့အကြုံကို ဒီရုပ်သံအောက်မှာလည်း လာရောက်မှတ်ချက်ပြုမျှဝေနိုင်ပါတယ်။

#ဘီဘီစီမြန်မာပိုင်း

Комментарии

Информация по комментариям в разработке