#စစ်ရေးပေါ်တိုင်း

Описание к видео #စစ်ရေးပေါ်တိုင်း

ရွှေဘိုမြို့သည် မြန်မာနိုင်ငံ၊ စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ မြို့ဖြစ်ပြီး မြန်မာတို့၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် ကုန်းဘောင်ခေတ် ၊ ကုန်းဘောင်မင်းဆက်၏ စတင်ရာဒေသ အဖြစ်ကျော်ကြားပါတယ်။ ရွှေဘိုခရိုင်နှင့် ရွှေဘိုမြို့နယ်များ၏ ရုံးစိုက်မြို့လည်းဖြစ်ပါတယ်။

သမိုင်းတစ်လျှောက်တွင် ရွှေဘိုမြို့သည် မြန်မာမင်းများ၏ လက်အောက်ခံ မုဆိုးဘိုအမည်ရှိသော ကျေးရွာလေးအနေဖြင့်သာ ရှိခဲ့ပါတယ်။မူလက အင်းဝလက်အောက်ခံအဖြစ်ရှိနေခဲ့ပြီး အထက်မြန်မာနိုင်ငံတစ်ဝှမ်းကို ဘုရင့်နောင် သိမ်းသွင်းစဉ်ကလည်း လက်အောက်ခံအဖြစ် ပြန်လည်ပါဝင်လာခဲ့ပါတယ်။ ညောင်ရမ်းမင်းဆက် ကျဆုံးပြီးနောက် မုဆိုးဘိုရွာသူကြီး ဦးအောင်ဇေယျသည် အလောင်းဘုရားဘွဲ့ဖြင့် မွန်တို့ကို တွန်းလှန်ကာ ကုန်းဘောင်မင်းဆက်ကို တည်ထောင်ချိန်မှစကာ ရွှေဘို ဟူသော အမည်ဖြင့်မြို့တော် ဖြစ်လာပါတယ်။

ဥဩအော်မြည် ကုန်းဘောင်တည် ဆိုသောစကားအရ ရွှေဘိုမြို့ကို မြန်မာသက္ကရာဇ် ၁၁၁၅ ( ခရစ်သက္ကရာဇ် ၁၇၅၃-၅၄) ခုနှစ် ပထမဝါဆိုလပြည့်ကျော် ၆ ရက် ကြာသပတေး နေ့ အဝင် ညဉ့် ၃ ချက်တီးကျော် တွင် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျသည် မင်းနေပြည်တော်အဖြစ် တည်ထောင်ခဲ့ပါတယ်။ယခင်က မုဆိုးဖို အမည်ရှိရွာတစ်ရွာဖြစ်ပါတယ်။ အလောင်းဘုရားက အင်းဝပျက်ခါနီးတွင် အနီးအနားပတ်ဝန်းကျင် ၄၆ရွာကို စုစည်းကာ ထန်းလုံးခံတပ်ကိုတည်ဆောက်ပြီး ဟံသာဝတီကို တွန်းလှန်ကာ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့ပါတယ်။ မုဆိုးဖိုကိုလည်း ရတနာသိင်္ခဟု ပြောင်းလဲခေါ်ဆိုခဲ့ပါတယ်။
ရန်သူအပေါင်းတို့အား အောင်နိုင်သည်ကို အစွဲပြု၍ ရန်ကြီးအောင်ဟူ၍လည်း ခေါ်ဆိုကြပါတယ်။ မြို့အနီးတွင်ရှိသော ကုန်းဘောင်အားအစွဲပြု၍လည်း ကုန်းဘောင်ဟုခေါ်ဆိုကြပါသေးတယ်။ အလောင်းဘုရားသည် သံလျှင်ကို တိုက်ခိုက်ရာတွင် တိုက်ခိုက်၍ မရသောကြောင့် လက်ရွှေးစင် ရဲဘော် ၉၀ ကျော်ကို တိတ်တဆိတ် ဝင်ရောက်စီးနင်းစေခဲ့ပါတယ်။ ထိုရဲဘော်တို့သည် ရွှေဘိုသား ဟူ၍ ငြာသံပေးကာဝင်ရောက်ကြတဲ့အတွက် ထိုအခါမှစ၍ ရွှေဘိုဟုခေါ်ဆိုကြခြင်းဖြစ်ပါတယ်။

ရွှေဘိုမြို့၏ မူလအမည်မှာ မုဆိုးဘိုဖြစ်ပါတယ်။ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီး သည် တိုင်းခန်း လှည့်လည်စဉ်က ထိုဒေသသို့ ရောက်သောအခါ မြေဒူးမြို့ တည်ရာအနီး မြင်းခွာတောင်၌ စေတီပုထိုးများကို တည်တော်မူခဲ့ပြီးနောက် ထိုတောင်ခြေမှ တူးမြောင်းကြီးဖောက်လုပ်ကာ ထိုတူးမြောင်းတစ်လျှောက် သင်းကနက်သားဖောင်ဖြင့် စုန်ဆင်းခဲ့သည်ဟု ဆိုကြပါတယ်။ တူးမြောင်းကြီး မိုင် ၅ဝ ခန့်ရှိသောအခါ မဟာနန္ဒာကန်ကို ဆည်ဖို့၍ ရွှေတန်ဆာဘုရားကို တည်ကာ ငပိုအမည်ရှိသော မုဆိုးအား ထိုနေရာ၌ ရွာတည်စေပြီးလျှင် စေတီစောင့်ထားခဲ့သည်ကို အကြောင်းပြု၍ ထိုရွာကို မုဆိုး ငဘိုရွာ၊ ထိုမှတစ်ဆင့် မုဆိုးဘိုရွာဟု တွင်ကြောင်းဖြင့် ဆိုသည်။
သက္ကရာဇ် ၁၁၁၃ ခုနှစ်တွင် အင်းဝပြည်ကြီး ပျက်စီး၍ မြန်မာနိုင်ငံ အထက်ပိုင်းတွင် သူတစ်လူ ငါတစ်မင်း ပျက်စီးယိုယွင်းလျက် ရှိသည်ကို မုဆိုးဘိုရွာသူကြီး ဦးအောင်ဇောယျ၏ အစီအမံဖြင့် သိမ်းရုံး စုစည်းနိုင်ခဲ့ပါတယ်။ ထိုအချိန်မှစ၍ ဦးအောင်ဇေယျသည် မုဆိုးဖိုရွာ၌ ထီးနန်းစိုက်ထူခဲ့ရာ ရန်အပေါင်းကို အောင်မြင်သဖြင့် ရန်ကြီးအောင်မြို့ဟူ၍လည်းကောင်း၊ ထိုမြို့ အနီး တောင်နှင့်မြောက် တန်းလျက်နေသော ယခု မြွေရိုး လမ်းတောင်တွင်သည့် ကုန်းဘောင်တောင်ကို အစွဲပြု၍ ကုန်း ဘောင်မြို့ဟူ၍လည်းကောင်း၊ မုဆိုးဘိုဟူသော အမည်တွင် မုဆိုးကို ဖျောက်၍ ရှေ့မှ ရွှေတပ်ကာ အဖျားဆွတ်ခေါ်သည့် ရွှေဘိုမြို့ ဟူ၍လည်းကောင်း လောကီရတနာ၊ လောကုတ္တရာရတနာများ စုဝေးရာ ဦးစွန်းသဖွယ် ဖြစ်သဖြင့် ရတနာသီခမြို့ဟူ၍လည်းကောင်း စသည်ဖြင့် ရွှေဘိုမြို့ သည် အမည်ငါးမျိုးဖြင့် တွင်ပါတယ်။ ထိုကြောင့် ကုန်းဘောင်ဘွဲ့ ပုံကြီးသံတွင်-ရန်ကြီးအောင်၊ ကုန်းဘောင်သ၊ ငါးမည်ရပြည်ရွှေဘို၊ ဘေးရန်ကပြို၊ မုဆိုးဘို၊ ရန်ပြိုတဲ့၊ နာသိင်္ခ၊ ဘိုးတော်ဒေသဟု ဖွဲ့ဆိုခြင်း ဖြစ်ပါတယ်။
အလောင်းမင်းတရားကြီးသည် ရွှေဘုံအောင်မြို့၊ ရွှေမြို့ကျုံးဝန်း၊ နတ်ကွန်းရေကန်၊ ချိန်မှန်ပဟိုရ်၊ ရွှေချက်သို ဟူသော စာဆိုအတိုင်း မြို့တော်၊ ကျုံးတော်၊ နတ်ကွန်းတော်၊ ရေကန်တော်၊ ပဟိုရ်စင်၊ မင်းတရားကြီး ချက်မြှုပ်ရာ၌ တည်သော ရွှေချက်သိုဘုရား ခုနစ်ဌာနကို တစ်ပြိုင်တည်း တည်ခဲ့ပါတယ်။ အလောင်းမင်းတရားကြီး နတ်ရွာစံလွန်သောအခါ သားတော်နောင်တော်ကြီးမင်းမှ စ၍ ကုန်းဘောင်မင်း အဆက်ဆက်သည် စစ်ကိုင်း၊ အင်းဝ၊ အမရပူရ၊ မန္တလေးမြို့များ၌ ရွေ့ပြောင်းနန်းတည် စိုးစံခဲ့ကြ သော်လည်း ရွှေဘိုမြို့သည် တိမ်ကောမသွားဘဲ၊ စစ်ရေးပေါ်တိုင်း အောင်မြေနင်းရာဌာနအဖြစ် ထင်ရှားလျက် ရှိသည်။ ဘိုးတော်ဘုရားသည်၎င်း၊ သာယာဝတီမင်းသည်၎င်း၊ မင်းတုန်းမင်းသည်၎င်း ထီးနန်း လုပ်ကြံရာတွင် ရွှေဘိုမြို့၌ အောင်မြေ နင်းခဲ့ကြပါတယ်။ မြန်မာနိုင်ငံတစ်ဝန်းလုံးကို အင်္ဂလိပ်တို့ သိမ်းပိုက်သည့်အခါ သူ့ကျွန်မခံလိုသောစိတ်ဓာတ် ပြင်းထန်သည့် ဒေသဖြစ်သော ရွှေဘိုမြို့တစ်ဝိုက်ကို အနှိမ်နင်းရ အခက်ဆုံးဟု ဆိုကြပါတယ်ခင်ဗျာ။

❤️The Burma Library Channel❤️

Thanks for watching my channel.

If you love history, this channel is for you.
All videos from this channel are owned by me & has knowledge purposes for all. My channel does not have any purposes to violate the guidelines of google & youtube policy.I solely follow all the terms of Google & Youtube Channel.

Комментарии

Информация по комментариям в разработке