Introvert တွေအများစုကြုံရတဲ့ လုပ်ငန်းခွင်အတွင်း communication ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲ?

Описание к видео Introvert တွေအများစုကြုံရတဲ့ လုပ်ငန်းခွင်အတွင်း communication ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲ?

Q: တစ်ချို့ video တွေမှာ အစ်ကိုလည်း Introvert တစ်ယောက်လို့ဆိုပြီး mention လုပ်တာတွေ့ဖူးပါတယ် အဲ့တာကြောင့် အလုပ်မှာ Introvert တစ်ယောက်အတွက် communication ကောင်းအောင် ဘယ်လိုလုပ်ရမလဲဆိုတာလေး ဖြေပေးစေချင်ပါတယ်။ ဘာလို့လည်းဆိုတော့ကိုယ်က အလုပ်မှာအာရုံစိုက်ပြီးလုပ်နေချိန်မှာ အခြားကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေက ကိုယ့်ကိုပေါင်းသင်းရခက်တဲ့သူတစ်ယောက်လို့မြင်နေကြတော့ ကြာလာရင်ညီမအတွက် အခက်အခဲဖြစ်လာနိုင်တာကြောင့် introvert တစ်ယောက်အတွက် အလုပ်မှာ communication ကောင်းအောင် ဘယ်လိုလုပ်ရင် အဆင်ပြေမလဲဆိုတာကိုဖြေကြားပေးစေချင်ပါတယ်။

A: ပြောရမယ်ဆိုရင်တော့ Introvert အချင်းချင်းကိုယ်ချင်းစာတယ်ပေါ့နော်။ ပြီးတော့ ကျွန်တော်ကတစ်ယောက်တည်းနေတာများပြီးတော့ အပြင်လည်းသိပ်ထွက်လေ့မရှိဘူး။ ဥပမာ - Networking party တို့ဆိုလည်းသိပ်မသွားတတ်ဘူး။ ကိုယ့်ဖာသာတစ်ယောက်တည်းနေတာများတယ်။ သွားဖြစ်တယ်ဆိုရင်တောင်မှ ထောင့်မှာကပ်ပြီး လူတွေစကားပြောတာကိုကြည့်နေတတ်တဲ့ အကျင့်တစ်ခုရှိတယ်။ Introvert ဖြစ်ရတဲ့အကြောင်းအရင်းကလည်း ကျွန်တော် လူမှန်းသိစအရွယ် ငယ်ငယ်ကတည်းက စကားထစ်တတ်တတ်တဲ့အကျင့်ရှိတော့ လူတောမတိုးတတ်ဘူး။ ကျွန်တော်အပါအဝင် ကျွန်တော်မြင်ဖူးတဲ့ Introvert တွေအကုန်လုံးမှာ တစ်ခုရှိတာက စကားမပြောချင်တာမဟုတ်ဘူး၊ ကိုယ်ဝါသနာပါတဲ့အကြောင်းအရာတစ်ခုခု၊ ကိုယ်နဲ့ကီးကိုက်တဲ့သူတွေနဲ့ဆိုရင်တော့ စကားပြောကြတယ်တယ်ပေါ့။ ကျွန်တော့်အတွေ့အကြုံနဲ့ယှဉ်ပြီးတော့ အကြံပေးရရင် ကျွန်တော်ကဘာနဲ့ပြင်လဲဆိုတော့ empathy (ကိုယ်ချင်းစာစိတ်) နဲ့ပြင်တယ်ပေါ့လေ။ အရင်တုန်းက corporates တွေမှာ အလုပ်လုပ်ခဲ့တုန်းကလည်း ကျွန်တော့်ကို ဆက်ဆံရခက်တဲ့သူတစ်ယောက်အနေနဲ့အပြောခံရဖူးတယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆို ကျွန်တော်က တစ်ခုခုဆို စိတ်ထဲမတွေ့ရင်၊ ကျွန်တော်မှန်တယ်လို့ထင်ရင် ဘုပြောတတ်တဲ့အကျင့်ရှိတော့ တစ်ခါတစ်လေကျလို့ရှိရင် တစ်ချို့သောသူတွေကပေါင်းရသင်းရခက်တယ်လို့ပြောတတ်ကြတယ်ပေါ့။ နောက်တစ်ခုက ကိုယ့်ရဲ့စိတ်ရင်းနဲ့လည်း အများကြီးဆိုင်မယ်လို့ထင်တယ်။ ကျွန်တော့်မှာက ကိုယ်ချင်းစာတဲ့စိတ်လေးရယ်၊ တစ်ခုခုဆိုကူညီပေးချင်တဲ့အကျင့်လေးရှိတော့ အဆင်ပြေတယ်လို့ပြောရပါတယ်။ ပြီးတော့ ကျွန်တော်က လူတစ်ယောက်ယောက်ကို ဘယ်လိုအကူအညီပေးရမလဲ၊ သူတို့ဘာလိုနေလဲဆိုတာကို အမြဲလိုက်ရှာနေတာ။ ဥပမာ - ကျွန်တော် Jmart က product marketing မှာလုပ်တုန်းက ကျွန်တော်အားပြီဆိုရင် warehousing တို့၊ finance တို့၊ ဒါမှမဟုတ် တခြားတခြားသော department က အမတွေကို အမကျွန်တော်ဘာလုပ်ပေးရလဲ၊ ဘာကူညီပေးရမလဲဆိုပြီးလိုက်မေးတတ်တယ်။ သူတို့ဘာလုပ်နေတယ်ဆိုတာကိုလည်း သိချင်တဲ့စိတ်ကလည်းရှိတော့ပေါ့နော့်။ သူတို့လုပ်နေတဲ့အလုပ်ကိုအတင်းကြီးဆွဲယူပြီးလုပ်နေတယ်ဆိုတာထက် တစ်ယောက်နဲ့တစ်ယောက် sharing လုပ်ကြတဲ့သဘောပေါ့။ ဥပမာ - ဒီပုံးကြီး အောက်ထပ်ကိုချပေးပါဦးဆိုလည်း ကျွန်တော်ကလုပ်ပေးလိုက်တာပဲ။ ကျွန်တော်က computer ကြီးရှေ့ထိုင်ပြီးလုပ်မှ အလုပ်လို့သတ်မှတ်တာမဟုတ်ပဲ ကျွန်တော်ဝိုင်းကူရတယ်ဆိုရင်ကို ပျော်နေတာမျိုးဆိုတော့ အဲ့လိုမျိုးဆိုလည်းလုပ်ပေးလိုက်တာပဲ။ အဲ့တော့ သူတို့လိုအပ်တဲ့ အကူအညီအသေးအမွှားလေးတွေဆိုရင် ကျွန်တော်လိုက်လုပ်ပေးဖြစ်တယ်ပေါ့။ ဆိုတော့ အဲ့တာလေးတွေကပဲ ကျွန်တော်ဘုပြောပြောခဲ့တယ်ဆိုရင် ကျွန်တော့်ကိုနားလည်ပေးကြတာကပိုပြီးတော့များပါတယ်။ ကြာလာတော့ ကျွန်တော့်ကိုပေါင်းသင်းရခက်တဲ့သူလို့ မမြင်ကြတော့ဘူးပေါ့ ဘာလို့ဆိုတော့ ကိုယ့်စိတ်ကိုသူတို့သိတယ်၊ သူတို့စိတ်ကိုလည်း ကျွန်တော်ကသိတယ်၊ အချင်းချင်းလည်း အမြဲတမ်း အကူအညီလိုလာတယ်ဆိုရင် ကူညီပေးကြတဲ့ အကျင့်ရှိတော့ ကျွန်တော်ကတော့ အဲ့တာလေးက ကျွန်တော်တို့ introvert တွေအဆင်ပြေနိုင်မယ့် communication style လေးတစ်ခုဖြစ်သွားမယ်လို့ထင်ပါတယ်။ တစ်ခုရှိတာကတော့ Team Out တွေဘာတွေထွက်ကြတယ်၊ တစ်ယောက်နဲ့တစ်ယောက်မုန့်အတူတူသွားစားကြတယ်၊ ကော်ဖီတွေဘာတွေအတူတူသောက်ကြတယ်ဆိုရင် ကျွန်တော်အကြံပေးချင်တာကတော့ one on one လေးအချိန်ပေးစေချင်တယ်၊ ဘာလို့လဲဆိုတော့ one on one relationship build လုပ်တဲ့အချိန်ကတဖြေးဖြေး career growth ဖြစ်သွားတဲ့အချိန်မှာ အရမ်းအရေးကြီးတဲ့ point တစ်ခုထဲမှာလည်းပါတယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့က နေရာတစ်ခုတည်းမှာတင်ရပ်နေတာမဟုတ်ဘဲ တဖြေးဖြေးချင်းတက်နေကြမှာဆိုတော့ ကိုယ့်ရဲ့ entry level ကတည်းကဆောက်ထားတဲ့ relationship ကတဖြေးဖြေး growth ဖြစ်သွားတဲ့အချိန်မှာ ကိုယ်တစ်ယောက်တည်း growth ဖြစ်လာမှာမဟုတ်ဘဲ သူလည်းဆက်ပြီး growth ဖြစ်လာမှာဆိုတော့ အတူတူ grow သွားတဲ့အချိန်မှာ ကိုယ်ကလည်း company တစ်ခုမှာ သူကလည်း အခြား company တစ်ခုမှာဆိုလို့ရှိရင်က တစ်ခုခုကိုယ့်အနေနဲ့ အကူအညီလိုတယ်ဆိုရင်က သူ့ကိုလည်းအကူအညီလှမ်းတောင်းလို့ရသလို သူအကူအညီလိုတယ်ဆိုရင်လည်း ကိုယ်လုပ်ပေးနိုင်သလောက်လုပ်ပေးလို့ရတယ်ပေါ့လေ။ အဲ့တော့အများကြီးနဲ့သွားပြီး hang out လုပ်တယ်ဆိုတာထက် ဥပမာ - တစ်ယောက်ချင်း coffee လေးဆင်းသောက်တာတို့၊ ပြီးတော့လည်းသူ့ကို “အစ်ကိုရေ၊ အစ်မရေ၊ စိတ်မရှိနဲ့ ဘာလို့ဆို ကျွန်တော့်စိတ်ကဒီလိုဒီလိုလေးရှိနေလို့ပါ” ဆိုပြီး အဲ့အချိန်တော့မှ ကျွန်တော်တို့က build up လုပ်တာပေါ့နော်။ ကျွန်တော်ကတော့ communication ကိုအဲ့လိုပိုပြီးတော့သွားတတ်တာများတယ်။ ကျွန်တော်ဆိုလည်း ကိုယ်နဲ့မသိတဲ့ သူစိမ်းတွေ၊ လူတွေအများကြီးကြားထဲမှာ စကားပြောရတာတွေ ကကျွန်တော့်အတွက်တော့ အဆင်မပြေဘူး။ စင်ပေါ်တက်ပြီးပြောဆိုလို့ရှိရင်က ပြောရဲတယ်။ လူအယောက်တစ်ထောင်လောာက်အထိရှိတဲ့ စင်ပေါ်အထိတက်ပြောဖူးတယ်။ ဒါပေမဲ့ လူလေးငါးခြောက်ယောက်လောက်စုံနေတဲ့ networking party မှာဆိုရင်တော့ အလာပ သလာပပြောတဲ့ဟာကို အခုအရွယ်မှ ပြန်ကျင့်ရတဲ့ အဆင့်ဖြစ်နေတာပေါ့။ အဲ့တော့ ဒီမေးခွန်းမေးတဲ့ ညီမကိုအကြံပေးချင်တာကတော့ have empathy ကိုယ်ချင်းစာကြည့်လိုက်၊ ပြီးတော့ gratitude သူတို့ဘက်ကကူညီပေးတာရှိတယ်ဆိုရင်လည်း ကျေးဇူးတင်ပါတယ်ဆိုတဲ့ဟာလေးကို တစ်ခုခုနဲ့ဖော်ပြပေးတာမျိုး ဥပမာ - လက်ဆောင်ပေးတာတို့။ ကျွန်တော်ကတော့ အခုပြောတဲ့နည်းလမ်းတွေနဲ့ပဲ ဖြတ်သန်းလာတာပေါ့လေ။

#introvert #communication #lifestyle #myanmar #yangon #newcontent #askalex #askalexmm

Комментарии

Информация по комментариям в разработке