ထိုင်ဝမ်က ဘာကြောင့် အမေရိကန်အရေး ဖြစ်ရတာလဲ

Описание к видео ထိုင်ဝမ်က ဘာကြောင့် အမေရိကန်အရေး ဖြစ်ရတာလဲ

၂၀၂၂ စက်တင်ဘာလ (၁၄) ရက်နေ့ ထိုင်ဝမ်ပေါ်လစီ ဥပဒေမူကြမ်းကို အမေရိကန်ဆီးနိတ် သို့တင် သွင်းလိုက်ပါတယ်။ ဥပဒေမူကြမ်းရဲ့သဘောက ဝါရှင်တန်နဲ့ တိုင်ပေအကြား နှစ်နိုင်ငံ ဆက်ဆံ‌ရေးကို အပြန်အလှန် အဆင့်မြှင့် တိုးမြှင့်သွားရေး ဖြစ်ပါတယ်။ ဒီထဲမှာ နှစ်နိုင်ငံလုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ၊ ကုန်သွယ်ရေးလင့်တွေ နဲ့ နှစ်နိုင်ငံပြည်သူတို့ အပြန်အလှန်လက်ချင်းချိတ် ပူး‌ပေါင်းဆောင်ရွက် ကြ ရေး တို့ပါဝင်ပါတယ်။ သို့သော် ဒီမူကြမ်းထဲမှာ ဝါရှင်တန်ရဲ့ အင်ဒို-ဖစိဖိတ် မဟာဗျူဟာနဲ့ ပတ် သက်လို့ တန်းဖိုးကိုအခြေခံထားတဲ့ အားကောင်းတဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့အတူ ပုံမှန်ထက် အသေးစိတ်ဖွင့်ဆို တင်ပြမှုတေွ ပိုမိုပါဝင်နေတာ ထူးထူးခြားခြား တွေ့ရပါတယ်။ ဝါရှင်တန်ဟာ တိုင် ပေ အစိုးရကို တရားဝင် အသိအမှတ်မပြုဘူးဆိုပေမယ့် ခရေပွင့်အဆင့် သတ်မှတ်ပြီး အာမခံထားပါ တယ်။ ဆက်ပြီး ရှေ့ကပြောခဲ့တဲ့ အားကောင်းပြီး အလွန်အဆင့်မြင့်တဲ့ စကားလုံးအသုံးအနှုန်းတွေနဲ့ ထိုင်ဝမ်ဟာ အမေရိကန်ပြည်ထောင်စုအကျိုးစီးပွားနဲ့ အမေရိကန်တန်းဖိုးတွေအတွက် အဓိကကျ တယ်လို့ ဖော်ပြထားပါတယ်။ သို့သော် ဒီနေရာမှာ အရေးကြီးတာက ဒီလို အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုနိုင်တဲ့ မူဝါရေးရာမျိုးနဲ့ သဘောတူညီမှုတွေ ရထားတယ်ဆိုတာက မဟာဗျူဟာရှုထောင့်အရ (ဒါမမဟုတ်) မြေပြင်အခြေအနေတွေအရဆိုပြီး ဟိုရွှေ့ဒီရွှေ့ အကွက်ရွှေ့ခံရဖို့၊ ကစားခံရဖို့က ခပ်များ များ ဖြစ်ရတာမျိုး ကမ္ဘာ့ဇတ်ခုံပေါ် ခပ်စိတ်စိတ် တွေ့လာရတာကြောင့် အခက်တွေ့ရ ပြန်ပါတယ်။ ထိုင်ဝမ်ဟာ အမေရိကန် တို့အတွက် သူ့ရဲ့အရေးပါတဲ့နေရာကို ကျော်လွန်လာပြီး အင်ဒို-ဖစိဖိတ်ကို လွှမ်းမိုးလာဖို့ တံခါးဖွင့်ပေးရာ “သော့” ဖြစ်နေပါတယ်။ နောက်တစ်ချက်က ထိုင်ဝမ်ဟာ စီးပွားရေး နဲ့ နည်းပညာဆိုင်ရာ ဆန်းသစ်တီထွင်မှုတွေမှာ ဗဟိုချက်မ ဖြစ်နေပါတယ်။ ယူအစ် အောက်လွှတ် တော် ဥက္ကဌ နန်စီပလိုစီ ရဲ့ ထိုင်ဝမ်ခရီးစဉ်ကြောင့် ၂၀၂၃ ခုနှစ် အစောပိုင်း ကာလတွေမှာ တရုတ် နဲ့ ထိပ်တိုက်ရင်ဆိုင်မှုအသစ်တွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ တကယ်တော့ ဒီခရီးစဉ်ဟာ တရုတ်တို့ရဲ့ ကျွန်းအသစ် နဲ့ ပတ်သက်လို့ ကမ္ဘာကြီးကို မီးမောင်းထိုးပြလိုက်တာ ဖြစ်ပါတယ်။ ဒီလိုဆို အဓိက လောင်းကြေး ဘာလဲ။ ဒေသတွင်း ပါဝါချိန်ခွင်လျှာ မျှခြေကို ထိုင်ဝမ်က ဘယ်လိုဆုပ်ကိုင် ထားသလဲ။

Music : Final Boss - Myuu

Комментарии

Информация по комментариям в разработке