သလ္လေခသုတ် (၁၂-၁၂) (၁၃၃၂ တပို့တွဲလကွယ်နေ့)

Описание к видео သလ္လေခသုတ် (၁၂-၁၂) (၁၃၃၂ တပို့တွဲလကွယ်နေ့)

Source:
https://www.podbean.com/eau/pb-yj7a2-...

ကျေးဇူး‌တော်ရှင် မဟာစည်ဆရာတော်ဘုရားကြီးသည် သလ္လေခသုတ်တရားတော်ကြီးကို ရန်ကုန်မြို့၊ သာသနာ့ရိပ်သာ ဖလ်ယဥ်ဓမ္မာရုံတော်ကြီး၌ ၁၃၃၁-ခုနှစ်၊ နှောင်းတန်ခူးလဆန်း ၈-ရက် သင်္ကြန်အကျနေ့မှစ၍ ၁၃၃၂-ခုနှစ်၊ တပို့တွဲလကွယ်နေ့အထိ  အခွင့်သင့်သော ဥပုသ်သီတင်းနေ့များတွင် ၁၂-သီတင်းအကြာ ဟောကြားတော်မူခဲ့ပါသည်။ ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်က ၁၂-သီတင်းအကြာဟောကြားခဲ့သော တရားတော်အသံ ၁၂-ပိုင်းထဲမှ တရားတော်အသံ ၁၁-ပိုင်းကို စုစည်းထိန်းသိမ်းနိုင်ခဲ့ပါသည်။ ၁၃၃၂ ခုနှစ် တပို့တွဲလပြည့်နေ့တွင် ဟောကြားတော်မူသော အပိုင်း-၁၁ ကို မစုစည်းနိုင်သေးပါ။
သလ္လေခသုတ် (ပထမတွဲ)၊ နှာ-၂ တွင် “ကိလေသာအညစ်အကြေးတွေကို ခေါင်းပါး‌အောင် နည်းပါးအောင် ကင်းသွားအောင် ကျင့်ရတဲ့ပဋိပတ်ကို သလ္လေခအကျင့်လို့ခေါ်တယ်၊ အဲဒီသလ္လေခသုတ်အကျင့်တွေကို ဒီသုတ်မှာ အကျယ်ဖော်ပြထားတယ်၊” ဟူ၍ ဖော်ပြထား၏။ ယခု Episode သည် ၁၃၃၁-ခုနှစ်၊ တပို့တွဲလကွယ်နေ့တွင် ဟောကြားတော်မူသည့် သလ္လေခသုတ်တရားတော်ကြီး-၁၁ ဖြစ်ပါသည်။
၁၃၃၄-ခုနှစ်_သလ္လေခသုတ်တရားတော် (ပထမတွဲ)_မဟာစည်ဆရာတော်
၁၃၃၅-ခုနှစ်_သလ္လေခသုတ်တရားတော် (ဒုတိယတွဲ)_မဟာစည်ဆရာတော်
မဟာစည်တရားတော်များ ခေတ်အဆက်ဆက်တည်တံ့နေပုံ
မဟာစည်တရားတော်များ ပြန့်ပွားရေးကုသိုလ်တော်ရယူနိုင်ရန် မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင် ဖုန်း-၀၁-၅၄၅၄၆၉, ၀၁-၅၄၁၉၇၁, ၀၉-၉၅၂၁၉၈၈၀၂ နှင့် [email protected] များထံ ဆက်သွယ်နိုင်ပါသည်။

Комментарии

Информация по комментариям в разработке