ဂျာအိုနားဗက်စ်ကမန်ချက်စတာယူနိုက်တက်အသင်းအတွက်ကစားပေးချင်ကြောင်းဖွင့်ဟလိုက်တဲ့ပေါ်တူဂီနည်းပြမာတီနက်ဇ်

Описание к видео ဂျာအိုနားဗက်စ်ကမန်ချက်စတာယူနိုက်တက်အသင်းအတွက်ကစားပေးချင်ကြောင်းဖွင့်ဟလိုက်တဲ့ပေါ်တူဂီနည်းပြမာတီနက်ဇ်

SPORT DECK CHANNEL Presents #manutd #manchesterunited #mufc #manunited #football #epl
#englishpremierleague #အနီကောင် #trending
လက်ရှိအချိန်မှာတော့ ပရိတ်သတ်တွေစောင့်မျှော်နေကြတဲ့ အပြောင်းအရွေ့ကာလကို ရောက်ရှိလာခဲ့ပါပြီ။ ဒီလိုအချိန််မှာဆိုရင် အသင်းကြီးတွေက ကစားသမားသစ်တွေကိုခေါ်ယူပြီး အသင်းကို အားဖြည့်တတ်ကြပါတယ်။ ဒီအချက်ကလည်း ပရိတ်သတ်တွေအတွက် ကိုယ်အားပေးတဲ့အသင်းက ဘယ်ကစားသမားသစ်တွေကို ခေါ်ယူသွားမလဲဆိုတာ ရင်ခုန်မှုအပြည့်ပေးစွမ်းနေဦးမှာပါ။ အပြောင်းအရွေ့ကာလမှာ ကစားသမားတော်တော်များများနဲ့ သတင်းထွက်လေ့ရှိတာကတော့ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာယူနိုက်တက်အသင်းပါပဲ။ တကယ်လည်း မန်ချက်စတာယူနိုက်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်းတွေကြောင့် ကစားသမားသစ်တွေလိုအပ်နေတာ ငြင်းမရပါဘူး။ အထူးသဖြင့် မန်ချက်စတာယူနိုက်တက်အသင်းဟာ တစ်ခြားအသင်းကြီးတွေနဲ့ယှဉ်ရင် လိုအပ်ချက်တွေများစွာရှိနေတာကတော့ ကွင်းလယ်ပိုင်းပါပဲ။ ဒါ့အပြင် အသက်အရွယ်ရလာတဲ့ ကက်ဆီမီးရိုး၊ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေရတဲ့ မေဆန်မောင့်၊ အနာဂတ်မသေချာဖြစ်နေတဲ့ အဲရစ်ဆန်တိုနေရာမှာ ကွင်းလယ်ကစားသမားသစ်တစ်ဦးကို မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မဖြစ်မနေလိုအပ်နေခဲ့တာပါ။ ဒါကြောင့်လည်း လက်ရှိအချိန်မှာတော့ ဘင်ဖီကာကွင်းလယ်လူဂျာအိုနားဗက်စ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ သတင်းတွေထွက်နေခဲ့ပါတယ်။ ဒါပေမယ့်လည်း ပေါ်တူဂီကြယ်ပွင့်ကွင်းလယ်ကစားသမားနားဗက်စ်ကိုယ်တိုင်က မန်ချက်စတာယူနိုက်တက်အသင်းမှာ ကစားပေးဖို ဆန္ဒရှိနေတယ်လို သိရပါတယ်။ ဒီအကြောင်းနဲ့ပတ်သတ်ပြီး ပေါ်တူဂီနည်းပြမာတီနက်ဇ်က အခုလိုပဲဖွင့်ဟလာခဲ့ပါတယ်။ "ဂျာအိုနားဗက်စ်က မန်ချက်စတာယူနိုက်တက်အသင်းအတွက် ကစားပေးချင်တယ်ဆိုတာ ၁၀၀% သေချာပါတယ်။ အရာအားလုံးက သူ့အတွက် တစ်ဆင့်မြင့်လာဖိုပဲ ကျန်ပါတော့တယ်။ အခုဆိုသူက ပွဲကစားရတာများလာတာတော့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေ ချလာနိုင်ပါပြီ။ ပြီးတော့ သူက ထက်မြက်တဲ့ ကွင်းလယ်ကစားသမားတစ်ယောက်ပါ။ သူက နံပါတ် ၆ နေရာမှာလည်း ကစားနိုင်သလို နံပါတ် ၈ နေရာမှာလည်း ပိုင်ပိုင်နိုင်နိုင်ကစားနိုင်ပါတယ်။ ပြိုင်ဘက်ဧရိယာထဲမှာလည်း သူရှိနေတတ်သလို ဂိုးသွင်းနိုင်တဲ့ အရည်အချင်းတွေ သူ့မှာအပြည့်ရှိနေခဲ့ပါတယ်။ သူ့ရဲ့အလုပ်လုပ်ပုံက နည်းစနစ်ပိုင်းနဲ့ကြည့်ရရင် ကွင်းလယ်ရဲ့ညာခြမ်းကို ပိုအားသန်သလိုပါပဲ။ ပြီးတော့ ခြေထောက်နှစ်ဖက်စလုံးကိုလည်း အသုံးပြုနိုင်တဲ့အတွက် နည်းစနစ်ပိုင်းကတော့ ပြောစရာကိုမလိုပါဘူး။ ပြိုင်ဘက်ဆီက ဘောလုံးကိုလည်း သူကောင်းကောင်းဖြတ်ထုတ်နိုင်တယ်။ တကယ်လို နောက်ထပ်ပွဲ ၅၀ လောက် သူခြေစွမ်းပြနိုင်ခဲ့ရင် သေချာပေါက်သူရဲ့ကစားသမားဘဝက နောက်တစ်ဆင့်ကို တက်လှမ်းသွားပါလိမ့်မယ်"လို ပေါ်တူဂီနည်းပြမာတီနက်ဇ်က ပြောသွားခဲ့တာပါ။ ဒါကြောင့် မာတီနက်ဇ်ပြောခဲ့သလိုပဲ ဂျာအိုနားဗက်စ်တစ်ယောက် မန်ချက်စတာယူနိုက်တက်အသင်းကို ပြောင်းရွေ့လာမလားဆိုတာကတော့ မဖြစ်မနေ စောင့်ကြည့်သွားရပါတော့မယ်။ အဆုံးထိကြည့်ပေးကြလို အားလုံးကို ကျေးဇူးတင်ပါတယ်။

Комментарии

Информация по комментариям в разработке