သီပေါမြို့ကို TNLA ထိုးစစ်ဆင်... သပိတ်ကျင်းက စစ်တပ်စခန်းတွေ PDF သိမ်းပိုက် ...

Описание к видео သီပေါမြို့ကို TNLA ထိုးစစ်ဆင်... သပိတ်ကျင်းက စစ်တပ်စခန်းတွေ PDF သိမ်းပိုက် ...

သီပေါမြို့ကို TNLA ထိုးစစ်ဆင်... သပိတ်ကျင်းက စစ်တပ်စခန်းတွေ PDF သိမ်းပိုက် ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ

(၁၁- ၈- ၂၀၂၄)

၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း (၄၇)ရက်မြောက်နေ့မှာ သီပေါမြိုံက စစ်ကောင်စီစခန်းတွေကို စတင် ထိုးစစ်ဆင်တိုက်ခိုက်နေပြီလို့ PSLF/ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရ လွေးယေဦးက BNN ကိုပြောပါတယ်။

ထောင်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေပြီး အသေးစိပ် မပြောနိုင်သေးဘူးလို့ဆိုပါတယ်။ ဒေသတွင်းမီဒီယာ ရွှေဖီမြေကတော့ သီပေါအကျဉ်းထောင်က အကျဉ်းသား ၁၀၉ ဦးကို TNLA က ကယ်ထုတ်နိုင်ခဲ့ပြီး
အဲဒီထဲမှာ နိုင်-ကျဉ်း ၂၉ ဦးပါဝင်တယ်။ အများစုက မူးယစ်အမှုနဲ့ကျနေသူတွေဖြစ်တယ်လို့ ဖေါ်ပြပါတယ်။

အကျဉ်းထောင်နဲ့ ရဲစခန်းအပါဝင် သီပေါ်မြို့နေရာအများစုကို TNLA နဲ့ မဟာမိတ်တပ်တွေက ထိန်းချုပ်ထားလိုက်ပြီး စစ်တပ်စခန်းတွေဖြစ်တဲ့ ခမရ (၅၀၃၊ ၅၀၄)၊ ခလရ (၂၃) တို့ကို တိုက်ခိုက်နေတယ်လို့ဆိုပါတယ်။

ဒါ့အပြင်...

လားရှိုးမြို့မှာတော့ စစ်ပွဲအလွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ စတင်နေပြီ၊ အရေးပါတဲ့ အထင်ကရနေရာတွေမှာ အထူးဒေသ(၁) အလံနဲ့ MNDAA တပ်မတော်အလံတွေ လွှင့်ထူးထားပြီလို့ MNDAA - က သတင်းထုတ်ပြန်...

သပိတ်ကျင်းမြို့နယ်အတွင်းရှိ ခလရ (၁၄၈) တပ်စခန်း၊ ကျောက်ဖြူရွာ တပ်စခန်းနဲ့ လိပ်ကျရွာ တပ်စခန်း ၃ ခုကို ထပ်မံသိမ်းပိုက်လိုက်တယ်လို့ PDF-MDY က သတင်းထုတ်ပြန်...

မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့မ ရဲစခန်းအပါဝင် စကစ ရုံးတွေကို PDF တွေ ဝင်ရောက်တိုက်ခိုက်...

ရွှေဘိုမြို့နယ်၊ ဇီးကုန်းလေးရွာရှိ ပျုစောထီး ဂိတ်ကင်းစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး လက်နက် ၂ လက်သိမ်းမိ...

မြောက်ဦးမြို့လယ် ရပ်ကွက်တွေကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ၆ ဦးသေဆုံးပြီး ၁၀ ဦးဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။    / burmanewsnetwork  )

Комментарии

Информация по комментариям в разработке