ဆားတောင်မြို့မရဲစခန်း တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူများပြား

Описание к видео ဆားတောင်မြို့မရဲစခန်း တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူများပြား

ဆားတောင်မြို့မရဲစခန်း တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရသူများပြား

ဆားတောင်၊ ဇူလိုင် ၁၃၊ ၂၀၂၄။

စစ်ကိုင်းတိုင်း၊ ဆားတောင်မြို့မရဲစခန်းကို ဇူလိုင် ၁၂ ရက် နေ့လယ် ၂ နာရီခွဲဝန်းကျင်မှာ ဒေသခံကာကွယ်ရေးတပ်တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့ Zero ပြောက်ကျားတပ်မဟာ၊ တပ်ရင်း ၇၊ မြင်းခြံခရိုင်အဖွဲ့ဆီက သိရပါတယ်။

စစ်သား၊ ရဲနဲ့ ပျူစောထီး အင်အား ၅၀ ဝန်းကျင်ရှိတဲ့ ဆားတောင်မြို့မရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်တွေက ပူးပေါင်းကာ မီတာ ၃၀ အကွာကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ည ၈ နာရီအထိပစ်ခတ်မှုဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ခိုက်ရာမှာ ၄၀ မမ၊ RPG တွေအပြင် လက်ပစ်ဗုံးတွေနဲ့လည်း ပစ်ခတ်ပြီး စခန်းအခြေထိကပ်နိုင်ခဲ့ကာ စခန်းရှေ့ဘန်ကာ ၂ ခုကို စီးနင်းနိုင်ခဲ့ပြီး စခန်းသိမ်းဖို့ ရည်ရွယ်ခဲ့ပေမယ့် လေကြောင်းပစ်ကူလာရောက်လို့ ပြန်လည်ဆုတ်ခွါခဲ့ရတယ်လို့ Zero ပြောက်ကျားတပ်မဟာ၊ တပ်ရင်း ၇၊ မြင်းခြံခရိုင် ဒုတပ်ရင်းမှူး ဗညားက ပြောပါတယ်။

ဆားတောင်မြို့မရဲစခန်းမှာ တပ်မ ၃၃ စစ်သားတွေနဲ့ နယ်မြေခံရဲတွေ၊ ညောင်ငုတ်တိုရွာက ပျူစောထီးတွေ တပ်စွဲနေထိုင်တာလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို Zero ပြောက်ကျားတပ်မဟာ တပ်ရင်း ၇ မြင်းခြံခရိုင်၊ မုံရွာခရိုင် အမှတ် ၂၁ တပ်ရင်း၊ ဆားတောင်မိုးကြိုး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နယ်မြေခံအဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာပါ။

သတင်း - ဒိန်းဂျား၊ စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - HP

#မြေလတ်အသံ
#စစ်ကိုင်း #ဆားတောင် #ဆားတောင်မြို့မရဲစခန်း #တိုက်ပွဲ #စစ်ပွဲ

Комментарии

Информация по комментариям в разработке