ရခိုင်ရောက် နယ်ခြားစောင့်ရဲများ၏ ကံကြမ္မာ

Описание к видео ရခိုင်ရောက် နယ်ခြားစောင့်ရဲများ၏ ကံကြမ္မာ

အရှေ့မှာ AA နောက်လှည့်ပြေးရင် ပင်လယ် - ကြမ္မာငင်နေသည့် နယ်ခြားစောင့်ရဲများ
…………….
ရခိုင်ပြည်နယ်ရောက် နယ်ခြားစောင့်ရဲတွေရဲ့ လက်ရှိအခြေအနေဟာ ‘သေတွင်းထဲ အပို့ခံရတာ’ လို့ ယုံကြည်နေကြပြီး၊ ပြည်ထဲရေးဌာနအဆင့်ဆင့်ကို ဆက်သွယ်စုံစမ်းရာမှာလည်း အခြေအနေ တိတိပပ မသိရတာကြောင့် မိသားစုတွေက ဒေါသထွက်နေကြပါတယ်။

သေသလား၊ ရှင်သလား၊ အဖမ်းခံရသလားဆိုတာ ဘာတစ်ခုမှ မသိရဘဲ၊ လနဲ့ချီပြီး အဆက်အသွယ်ပြတ်နေတဲ့ နယ်ခြားစောင့်ရဲတွေအတွက် မိသားစုဝင်တွေရဲ့ စိုးရိမ်ပူပန်မှုတွေ
ကျယ်ကျယ်လောင်လောင် ထွက်ပေါ်လာပါတယ်။

မြန်မာနိုင်ငံဒေသအသီးသီးက ရာနဲ့ချီတဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ နယ်ခြားစောင့်ရဲအဖြစ် ရခိုင်မှာ ၂နှစ် တာဝန်ထမ်းဖို့ စေလွှတ်ခံရတာ ဖြစ်ပေမယ့်၊ တချို့ဆိုရင် ၃နှစ်ကျော်လို့ ၄နှစ်လောက် ကြာလာတဲ့အထိ ပြောင်းရွှေ့ခွင့်မရ ဖြစ်နေကြရပါတယ်။

ရခိုင်ပြည်နယ်ရောက် နယ်ခြားစောင့်ရဲတွေရဲ့ ကံကြမ္မာကို ဒီရုပ်သံဆောင်းပါးမှာ ကြည့်ရှုနိုင်ပါပြီ။

သတင်း၊ တင်ဆက် - စထွန်းအောင်၊ မြတ်ကြီး

Комментарии

Информация по комментариям в разработке