😲ဆနွင်း၏ဘေးထွက်ဆိုးကျိုးများ နဲ့ ဆနွင်းသုံးစွဲခြင်းရှောင်သင့်သူများ😲

Описание к видео 😲ဆနွင်း၏ဘေးထွက်ဆိုးကျိုးများ နဲ့ ဆနွင်းသုံးစွဲခြင်းရှောင်သင့်သူများ😲

(Side effects of Turmeric)
ဆနွင်း၏ ဘေးထွက်ဆိုးကျိုးများ
✍️ရောဂါရာဇဝင်ရှိသူများ၊ရောဂါအခံရှိသူများ ၊ဆေးစွဲသောက်နေရသူများ
(ကျန်းမာရေးပညာရှင်များနဲ့တိုင်ပင်သုံးစွဲသင့်)
✍️သွေးခဲခြင်းကိုနှေးကွေးစေ၊
သွေးမတိတ်တတ်သောရောဂါရှိသူများအတွက်သွေးထွက်နှုန်းပိုများနိုင်၊သွေးခဲခြင်းကိုနှေးကွေးစေ၊သွေးမတိတ်တတ်တဲ့ရောဂါအတွက်ဆေးသောက်နေရသူများ၊သွေးထွက်လွန်ရောဂါ(Excessive Bleeding Cause)ရှိနေသူများဆနွင်း‌သုံးစွဲခြင်းရှောင်သင့်‌။

✍️(gallbladder)သည်း‌ခြေအိတ်
ပြဿနာရှိသူများ၊သည်းခြေအိတ်
ကျောက်တည်နေသူများ ဆနွင်းကိုရှောင်သင့်။
✍️ကျောက်ကပ်ပြဿနာရှိသူများ၊
ကျောက်ကပ်ကျောက်တည်သူများ
ဆနွင်းကိုရှောင်သင့်။
✍️ဆနွင်းနဲ့ဓါတ်မတည့်သူများ
ပျို့ခြင်း၊အော့အန်ခြင်း ဖြစ်တတ်။
ဂျင်းနဲ့ဓါတ်မတည့်သူများ၊ဆနွင်းနဲ့ဓါတ်မတည့်ဖြစ်နိုင်၊အရေပြားယားယံခြင်း၊elergic reactions ဖြစ်နိုင်။
✍️သွေးဖိအားလျော့ကျစေနိုင်တယ်။✍️အစားအစာများမှရရှိလာမဲ့သံဓါတ်စုပ်ယူနိုင်စွမ်းအားကျဆင်းလာပြီး သံဓါတ်ချို့တဲ့မှုဖြစ်စေ။
✍️ခွဲစိတ်ကုသမှုခံယူမဲ့သူ၊
ခွဲစိတ်ကုသမှု ခံယူနေရသူ၊
ခွဲစိတိမှုမတိုင်ခင် (၁/၂)ပတ်အလို-
ဆနွင်းသောက်ခြင်းရပ်သင့်။
✍️ကိုယ်ဝန်ဆောင်မိခင်များအတွက် ဆနွင်းသောက်ခြင်းသည် သားအိမ်ကိုလှုံ့ဆော်ပေး၊ရာသီလာခြင်းလွယ်ကူ‌စေတဲ့အတွက်‌၊ကိုယ်ဝန်ကိုအန္တရာယ်ဖြစ်စေနိုင်။ကိုယ်ဝန်ဆောင်မိခင်များ
ဆနွင်းကို ဟင်းခတ်အမွှေးအကြိုင်အဖြစ်အနည်းငယ်သာ သုံးသင့်၊ပမာဏများများ မသုံးဆောင်သင့်။
✍️ကင်ဆာရောဂါ၊ Chemotherapy ကုသမှုခံယူနေသော၊ဓါတုကုထုံး ကုသမှုခံယူနေသောဝေဒနာရှင်များ၊ဆနွင်းသောက်ခြင်းကြောင့် Chemoဆေးမှ ရရှိလာမဲ့ အစွမ်းသတ္တိများလျော့ကျသွားနိုင်၊ဆနွင်းကိုရှောင်သင့်။
✍️ရောဂါအခံမရှိသူများအတွက်
အကျိုး‌ကျေးဇူးအလွန်များပြီး
ဘေးထွက်ဆိုးကျိုးနည်းပေမဲ့.........
✍️😱ရောဂါအခံရှိသူများ
😱ရောဂါရာဇဝင်ရှိသူများ
😱ဆေးစွဲသောက်နေရသူများ
(ဆေးပညာရှင်များနဲ့တိုင်ပင်သုံးစွဲပါ။)
✍️ကျွန်မမိတ်ဆွေများအားလုံး မြန်မာ့ရိုးရာတိုင်းရင်းဆေးပညာဗဟုသုတများနဲ့ နိငံတကာသု‌တေသီတိုင်းရင်းဆေးပညာဗဟုသုတများကို နှိုင်းယှဉ်လေ့လာနိုင်ကြပြီး ရိုးရာတိုင်းရင်းဆေးများကို သိပ္ပံနည်းကျစွာ သတိနဲ့ဆင်ခြင်သုံးစွဲနိုင်ကြပါစေရန် ရည်ရွယ်ပါသည်။

Комментарии

Информация по комментариям в разработке