မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ

Описание к видео မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ

မင်းအောင်လှိုင် မျက်ဖြူဆိုက်နေပြီ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၁ ၊ ၂၀၂၄

မေလ နောက်ဆုံးပတ်က စတင်ပြီး မြန်မာငွေကျပ်တန်ဖိုးတွေ တရှိန်ထိုးကျဆင်းလာပြီးတဲ့နောက် ဈေးကွက်ထဲမှာ ဒေါ်လာဈေးအပါအဝင် နိုင်ငံခြားငွေကြေးလဲလှယ်နှုန်းထားတွေဟာ တဖြည်းဖြည်း မြင့်တက်လာခဲ့ပါတယ်။

စစ်ကောင်စီက ငွေကြေးဈေးနှုန်းတွေကို ထိန်းချုပ်နိုင်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ စစ်ကောင်စီလက်အောက်ခံ ဗဟိုဘဏ်က Online Social Platform တွေဖြစ်တဲ့ Facebook၊ Viber၊ Telegram တွေပေါ်မှာ ID အစစ်အမှန်မဟုတ်တဲ့ အကောင့်တုတွေကို အသုံးပြုပြီး ဘဏ်တွေကနေ ငွေလဲလှယ်နှုန်းတွေ တိုးမြှင့်ကောက်ခံနေကြောင်းနဲ့ မမှန်ကန်တဲ့ သတင်းတွေထုတ်ပြန်ဖော်ပြပြီး ငွေကြေးမတည်မငြိမ်ဖြစ်အောင် ဆောင်ရွက်နေတာကို စိစစ်တွေ့ရှိရတာကြောင့် အရေးယူဆောင်ရွက်မှုတွေ ပြုလုပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ဒါဟာ ပြဿနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်းအစစ်အမှန် မဟုတ်ပဲ အဓိက အရင်းအမြစ်ဖြစ်တဲ့ နိုင်ငံခြားအရန်ငွေ မရှိသလောက်ဖြစ်နေတာကို စစ်ကောင်စီက ဝန်မခံတာဖြစ်တယ်လို့ စီးပွားရေးပညာရှင်တဦးဖြစ်တဲ့ ဦးစိန်ဌေးက ဆိုပါတယ်။

မြန်မာငွေကျပ်တန်ဖိုး ကျဆင်းလာမှုတွေနဲ့အတူ စစ်ကောင်စီရဲ့ စီးပွားရေးအခြေအနေ ကျဆင်းလာမှုတွေအကြောင်းကို စီးပွားရေးပညာရှင် ဦးစိန်ဌေးနဲ့ ဧရာဝတီက တွေ့ဆုံမေးမြန်းထားပါတယ်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Комментарии

Информация по комментариям в разработке