အပူပိုင်းဇုန်တွင် လယ်ယာလုပ်ငန်းအပြင် မွေးမြူရေးကို တွဲဖက် လုပ်ကိုင်သင့်ကြောင်း FAO တိုက်တွန်း

Описание к видео အပူပိုင်းဇုန်တွင် လယ်ယာလုပ်ငန်းအပြင် မွေးမြူရေးကို တွဲဖက် လုပ်ကိုင်သင့်ကြောင်း FAO တိုက်တွန်း

တောင်သူဦးမော်ကြီးရဲ့ ခြံထဲက ဆိတ်တွေက တစ်ခြားဆိတ်တွေနဲ့မတူဘဲ အလေးချိန်စီးပြီး ဖွံ့လှပါတယ်။ သူက ဆိတ်တွေကို မိရိုးဖလာ လွှတ်ကျောင်းစနစ်နဲ့ မွေးမြူတာမဟုတ်ဘဲ အစားအစာကို စနစ်တကျကျွေးပြီး မွေးမြုတာပါ။ ပြီးတော့ ပုံမှန် ကိုယ်အလေးချိန် ချိန်တွယ်တာတွေကိုလည်း လုပ်ကိုင်ပါတယ်။

ဒီလိုမွေးမြူဖို့ကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့-FAO က မြန်မာနိုင်ငံအလယ်ပိုင်း-အပူပိုင်းဒေသမြို့နယ် ၆ မြို့နယ်မှာ တောင်သူတွေကို မွေးမြူရေးနည်းပညာပေးနေတာဖြစ်ပြီး ဒီစီမံကိန်းကို ၂၀၁၆-၁၈ အထိ အချိန် ၃ နှစ်ကြာမြင့်မယ့် စီမံကိန်းလည်းဖြစ်ပါတယ်။

အပူပိုင်းဒေသဟာ ရာသီဥတုပူပြင်းတာ၊ မိုးရေနောက်ကျတာ စတဲ့ ရာသီဥတုကြောင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍမှာ ၀င်ငွေက ပုံမှန်မဟုတ်တာကို တွေ့ရပါတယ်။ ဒါကြောင့် စိုက်ပျိုးရေးအပြင် ၀က်၊သိုး၊ဆိတ်၊ကျွဲနွားတိရစ္ဆာန်တို့ကိုပါ တွဲဖက်မွေးမြူသင့်တယ်လို့ FAO က အကြံပြုထားပါတယ်။ ကိုကောင်းဆက်နိုင်က တင်ပြထားတာကို ရှုစားရမှာဖြစ်ပါတယ်

Комментарии

Информация по комментариям в разработке