ကျင်ဒွေးမြို့က ချင်းစစ်ဘေးရှောင်လူဦးရေ ၁၀၃ ဦးအတွက် မကွေးမြို့မှာနေအိမ်တွေဆောက်လုပ်ပေးေကြာင်းထုတ်ပြန်

Описание к видео ကျင်ဒွေးမြို့က ချင်းစစ်ဘေးရှောင်လူဦးရေ ၁၀၃ ဦးအတွက် မကွေးမြို့မှာနေအိမ်တွေဆောက်လုပ်ပေးေကြာင်းထုတ်ပြန်

နိုဝင်ဘာလ ၂၀ ရက်။

မကွေးတိုင်းဒေသကြီး မကွေးမြို့ကို ရောက်ရှိ ေနတဲ့ချင်းပြည်နယ်
ကန်ပက်လက်မြို့နယ်၊ကျင်ဒွေးမြို့ကနေ စစ်ဘေးလာရှောင်နေတဲ့ အိမ်ထောင်စု ၃၂ စု၊ လူဦးရေ ၁၀၃ ဦးအတွက် ထောက်ပံ့ပစ္စည်းတွေပေးတာအပြင် နေအိမ်တွေဆောက်လုပ်ပေးတဲ့အကြောင်း နိုဝင်ဘာလ ၁၉ ရက်နေ့မှာ စစ်ကောင်စီသတင်းဌာန MRTV ရဲ့သတင်းဖော်ပြချက်အရ သိရပါတယ်။

ကျင်ဒွေးဒေသကနေ စစ်ဘေးလာရှောင်တဲ့သူတွေအတွက် မီးဖိုချောင်သုံးပစ္စည်း၊ မိသားစုသုံးပစ္စည်း၊ သောက်ရေပုံး၊ တကိုယ်ရေသုံးပစ္စည်း၊ ဆောင်တွေ၊ မိုးကာစတာတွေကို အိမ်ထောင်စုအလိုက်ထောက်ပံ့ခဲ့ပြီး နေအိမ်တွေဆောက်လုပ်ပေးခဲ့ကာ စစ်ကောင်စီခန့် မကွေးတိုင်းဝန်ကြီးချုပ် ဦးတင့်လွင်က မနေ့နိုဝင်ဘာလ ၁၉ ရက်နေ့ ကြည့်ရှုစစ်ဆေးခဲ့တယ်လို့ MRTV သတင်းဌာနက ဖော်ပြပါတယ်။

ကျင်ဒွေးဒေသကနေ စစ်ဘေးရှောင်လာတဲ့ အိမ်ထောင်စု ၃၂ စုဟာ စက်တင်ဘာလ ၈ ရက်နေ့မှာ မကွေးတိုင်းဒေသကြီး မကွေးမြို့ကို ရောက်လာခဲ့သူတွေလို့လည်း စစ်ကောင်စီသတင်းဌာနက ဖော်ပြချက်အရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၂ ရက်လောက်က စတင်ဖြစ်ပွါးခဲ့တဲ့ ချင်းညီနောင်အဖွဲ့ရဲ့ကျင်ဒွေးမြို့သိမ်းတိုက်ပွဲကြောင့် ကျင်ဒွေးမြို့နဲ့အနီးဝန်းကျင် ကျေးရွာ ၂၀ လောက်က ဒေသခံပြည်သူ ၃၅၀၀ ကျော်ဟာ နီးစပ်ရာဒေသတွေကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

ကန်ပက်လက်မြို့တောင်ဘက် ၅၇ မိုင်ခန့်အကွာမှာရှိတဲ့ အိမ်ခြေ ၂၀၀ နီးပါးရှိတဲ့ ကျင်ဒွေးမြို့ဟာ မကွေးတိုင်း ဆောမြို့နဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းနဲ့ ထိစပ်နေပြီး စစ်ရေးအရ အချက်အချာကျတဲ့ ကျင်ဒွေးမြို့ကို ချင်းညီနောင်အဖွဲ့နဲ့ အာရက္ခတပ်တော်(AA) အပါအဝင် မဟာမိတ်တွေက ၂၀၂၃ ဒီဇင်ဘာလ ၂၂ လောက်ကနေ စတင် တိုက်ခိုက်ခဲ့ပြီး ၄ လ ကျော်အကြာ ၂၀၂၄ ခုနှစ် ဧပြီလ ၂၉ ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ကျင်ဒွေးမြို့ဟာ စစ်တပ်ထောက်ခံသူအားကောင်းတဲ့ ပျူစောထီးများ အားသလို မြို့တွင်းမှာ စစ်ကောင်စီ၊ ရဲတပ်ဖွဲ့ဝင်တွေ ပြည်သူ့စစ်အပါအဝင် အင်အား ၂၀၀ နီးပါးတပ်စွဲပြီး မြို့တွင်းမှာ အခိုင်အမာတပ်စွဲပြင်ဆင်ထားလို့ ချင်းညီနောင်အဖွဲ့နဲ့ မဟာမိတ်တွေက လနှင့်ချီတိုက်ယူခဲ့ရတဲ့ ဒေသလည်း ဖြစ်ပါတယ်။

Комментарии

Информация по комментариям в разработке