Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Описание к видео Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ နိုဝင်ဘာ ၂၃ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

-တိုင်းရင်းသားလက်နက်ကိုင်တွေ သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ်ဂိတ်တွေကို အစိုးရချင်း အပြန်အလှန် ပူးပေါင်းညှိနှိုင်းပြီးမှ လိုအပ်သလို ခွင့်ပြုဆောင်ရွက်မှာဖြစ်သလို တည်ငြိမ်အေးချမ်းမှ ပြန်လည်ဖွင့်လှစ်မယ်လို့ တရုတ်နိုင်ငံက ပြောဆိုလိုက်ပါတယ်။

ကြံ့ဖွတ်အမတ်လောင်းပြုတ် တင်ထွန်းဦးနဲ့ ဝန်ကြီးဟောင်းနဲ့ ဗိုလ်ချုပ်ဟောင်း စိုးသိန်းရဲ့ သား အေးချမ်းတို့ ဦးဆောင်တဲ့ စစ်ကောင်စီလက်အောက်ခံ သတင်းမီဒီယာကောင်စီဟာ တရားဝင်မှုမရှိတဲ့အပြင် မြန်မာ သတင်းသမားတွေကို ကိုယ်စားမပြုဘဲ စစ်တပ်ဝါဒဖြန့် ယန္တရားဖြစ်တဲ့အတွက် ကန့်ကွက်ရှုတ်ချတယ်လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) က ထုတ်ပြန်လိုက်ပါတယ်။

ကရင်ပြည်နယ်၊ ဖာပွန်မြို့နယ်က စစ်ကောင်စီရဲ့ မထောအခြေစိုက်တပ်စခန်းကြီးကို သိမ်းပိုက်ရရှိခဲ့တယ် လို့ KNU သတင်းရင်းမြစ်ကပြောဆိုလိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

Комментарии

Информация по комментариям в разработке