လောကဓံ လက်ဝှေ့ချန်ပီယံ စိုးမိုးဟိန်း

Описание к видео လောကဓံ လက်ဝှေ့ချန်ပီယံ စိုးမိုးဟိန်း

#SoeMoeHein #Myosetthit #MLC_Interview #Thapyaynyo #Thatti_Aung
သူ့ပြိုင်ဘက်တွေ ပထမတန်း ဖြစ်လာကြသလို သူရင်ဆိုင်နေရဆဲ ​လောကဓံကလည်း သက်လုံကျသွားဟန်မရှိသေး။ ၁၂ နှစ်သားအရွယ်ကတည်းက ရိုးရာလက်ဝှေ့စင်ပေါ်မှာ မိဘကိုလုပ်ကျွေးရင်း ငွေကြေးကြွယ်ဝဖို့ အိပ်မက်တွေ မဖြစ်ခဲ့ပေမယ့် ထူးချွန်တဲ့ ဘယ်သန်လက်ဝှေ့သမားလူငယ်ဟာ ရွှေခါးပတ်ကိုတော့ နှစ်ကြိမ်တိုင်အောင် ထိုက်တန်ခဲ့ပါတယ်။ ငယ်တုန်းရွယ်တုန်း သန်မြန်တုန်းမှာ အရှိန်ကောင်းကောင်းနဲ့ ဝေဟင်ပေါ်နှင်ခဲ့တဲ့သတ္တိတွေတံခွန်များဟာ ခုတော့ နောင်တတွေ တပွေ့တပိုက်နဲ့ ပြုတ်ကျ ကျန်ရစ်ပါလေပြီ။ မျက်လုံးမှာစုခဲတဲ့ အတွင်းဒဏ်တွေကို ထမင်းပူထိုး ကြက်ဥပြုတ်ထိုးရင်း ပွဲရှိရင် နားဖို့ရှောင်ဖို့ စိတ်ကူးမရခဲ့သူစိုးမိုးဟိန်းကို အသက်နှစ်ဆယ်အရွယ်မှာပဲ မဖြစ်မနေ နားခိုင်းလိုက်သူက ကံကြမ္မာပါပဲ။ ကံကြမ္မာက နားခိုင်းတော့မှ နားရကောင်းမှန်း စိုးမိုးဟိန်းသိအပြီးမှာ သူ့သားနှစ်ယောက်လက်ထက်ကျရင် ပြောစရာမလိုတော့တဲ့ သင်ခန်းစာတွေက အပြည့်ရှိခဲ့ပြီပေါ့။ လက်ဝှေ့သမားတွေရဲ့ ဘဝအဖြစ်မှန်တွေကို တင်ဆက်ထားတဲ့ ဒီရုပ်သံမှတ်တမ်းဖိုင်လေးမှာ တကယ်တော့ စာရေးသူ မပြောပြချင်တဲ့ ဇာတ်ဝင်ခန်းတပုဒ်လည်း ရှိခဲ့ပါတယ်။ သူကတော့ ပြိုင်ဘက်တွေထိုးနေကြဆဲဆိုတာ အသံဖမ်း အရိပ်ဖမ်း တီဗွီကလာရင် မှန်းကြည့်နေတုန်းပဲလို့ ပြောပါတယ်။ သူ့ပရိသတ်တွေက သူ့အတွက် ငွေကုန်ကြေးကျဘယ်လိုပဲ တတ်နိုင်ကုန်ကျနိုင်ပေမယ့် သူ့မျက်လုံးအစုံဟာ ပြန်မကောင်းလာတော့ပါဘူး။ ဒီတော့ စိုးမိုးဟိန်းရဲ့ လက်ရှိပြိုင်ဘက်ဟာ လောကဓံ ခပ်ကြမ်းကြမ်းကလွဲရင် ဘာဖြစ်ဦးမှာလဲ။ ရိုးရာလက်ဝှေ့အသဲကောင်းဇွဲကောင်း ယောကျ်ားကောင်းပီပီ သူကတော့ အခက်အခဲတွေကို ဖြုံနေဟန် မရှိပါဘူး။ ထွန်းထွန်းမင်းနဲ့ထိုးပြီးတော့ မျက်လုံးတွေဖူးယောင်နေတဲ့ကြား စစ်အောင်နဲ့ထပ်ထိုးဖြစ်တယ်။ အထိုးကောင်းရင် လက်ဝှေ့သမားဘာဖြစ်ဖြစ် ထိုးတာပဲ ကြည့်ချင်တယ်ဆိုတဲ့ ခေတ်ဆိုးကြီးထဲမှာ စိုးမိုးဟိန်းဟာ ခွါလိပ်ခဲ့ရတဲ့ မြင်းကောင်းတကောင်ပါပဲ။ သူ့လက်ရည်လက်ဆ အစွမ်းအစတွေကို ပြန်ပြောင်း အောက်မေ့ဖွယ်ကြည့်ရင်း စိုးမိုးဟိန်းပေးတဲ့ သင်ခန်းစာကောင်းကောင်းကို နားဆင်ခံစား သူ့ပွဲတွေ အားပေးရပါမယ်။
--------------------(zawgyi)----------------------
#SoeMoeHein #Myosetthit #MLC_Interview #Thapyaynyo #Thatti_Aung
သူ႔ၿပိဳင္ဘက္ေတြ ပထမတန္း ျဖစ္လာၾကသလို သူရင္ဆိုင္ေနရဆဲ ​ေလာကဓံကလည္း သက္လုံက်သြားဟန္မရွိေသး။ ၁၂ ႏွစ္သားအရြယ္ကတည္းက ရိုးရာလက္ေဝွ႕စင္ေပၚမွာ မိဘကိုလုပ္ေကၽြးရင္း ေငြေၾကးႂကြယ္ဝဖို႔ အိပ္မက္ေတြ မျဖစ္ခဲ့ေပမယ့္ ထူးခၽြန္တဲ့ ဘယ္သန္လက္ေဝွ႕သမားလူငယ္ဟာ ေရႊခါးပတ္ကိုေတာ့ ႏွစ္ႀကိမ္တိုင္ေအာင္ ထိုက္တန္ခဲ့ပါတယ္။ ငယ္တုန္းရြယ္တုန္း သန္ျမန္တုန္းမွာ အရွိန္ေကာင္းေကာင္းနဲ႔ ေဝဟင္ေပၚႏွင္ခဲ့တဲ့သတၱိေတြတံခြန္မ်ားဟာ ခုေတာ့ ေနာင္တေတြ တေပြ႕တပိုက္နဲ႔ ျပဳတ္က် က်န္ရစ္ပါေလၿပီ။ မ်က္လုံးမွာစုခဲတဲ့ အတြင္းဒဏ္ေတြကို ထမင္းပူထိုး ၾကက္ဥျပဳတ္ထိုးရင္း ပြဲရွိရင္ နားဖို႔ေရွာင္ဖို႔ စိတ္ကူးမရခဲ့သူစိုးမိုးဟိန္းကို အသက္ႏွစ္ဆယ္အရြယ္မွာပဲ မျဖစ္မေန နားခိုင္းလိုက္သူက ကံၾကမၼာပါပဲ။ ကံၾကမၼာက နားခိုင္းေတာ့မွ နားရေကာင္းမွန္း စိုးမိုးဟိန္းသိအၿပီးမွာ သူ႔သားႏွစ္ေယာက္လက္ထက္က်ရင္ ေျပာစရာမလိုေတာ့တဲ့ သင္ခန္းစာေတြက အျပည့္ရွိခဲ့ၿပီေပါ့။ လက္ေဝွ႕သမားေတြရဲ့ ဘဝအျဖစ္မွန္ေတြကို တင္ဆက္ထားတဲ့ ဒီ႐ုပ္သံမွတ္တမ္းဖိုင္ေလးမွာ တကယ္ေတာ့ စာေရးသူ မေျပာျပခ်င္တဲ့ ဇာတ္ဝင္ခန္းတပုဒ္လည္း ရွိခဲ့ပါတယ္။ သူကေတာ့ ၿပိဳင္ဘက္ေတြထိုးေနၾကဆဲဆိုတာ အသံဖမ္း အရိပ္ဖမ္း တီဗြီကလာရင္ မွန္းၾကည့္ေနတုန္းပဲလို႔ ေျပာပါတယ္။ သူ႔ပရိသတ္ေတြက သူ႔အတြက္ ေငြကုန္ေၾကးက်ဘယ္လိုပဲ တတ္နိုင္ကုန္က်နိုင္ေပမယ့္ သူ႔မ်က္လုံးအစုံဟာ ျပန္မေကာင္းလာေတာ့ပါဘူး။ ဒီေတာ့ စိုးမိုးဟိန္းရဲ့ လက္ရွိၿပိဳင္ဘက္ဟာ ေလာကဓံ ခပ္ၾကမ္းၾကမ္းကလြဲရင္ ဘာျဖစ္ဦးမွာလဲ။ ရိုးရာလက္ေဝွ႕အသဲေကာင္းဇြဲေကာင္း ေယာက်္ားေကာင္းပီပီ သူကေတာ့ အခက္အခဲေတြကို ျဖဳံေနဟန္ မရွိပါဘူး။ ထြန္းထြန္းမင္းနဲ႔ထိုးၿပီးေတာ့ မ်က္လုံးေတြဖူးေယာင္ေနတဲ့ၾကား စစ္ေအာင္နဲ႔ထပ္ထိုးျဖစ္တယ္။ အထိုးေကာင္းရင္ လက္ေဝွ႕သမားဘာျဖစ္ျဖစ္ ထိုးတာပဲ ၾကည့္ခ်င္တယ္ဆိုတဲ့ ေခတ္ဆိုးႀကီးထဲမွာ စိုးမိုးဟိန္းဟာ ခြါလိပ္ခဲ့ရတဲ့ ျမင္းေကာင္းတေကာင္ပါပဲ။ သူ႔လက္ရည္လက္ဆ အစြမ္းအစေတြကို ျပန္ေျပာင္း ေအာက္ေမ့ဖြယ္ၾကည့္ရင္း စိုးမိုးဟိန္းေပးတဲ့ သင္ခန္းစာေကာင္းေကာင္းကို နားဆင္ခံစား သူ႔ပြဲေတြ အားေပးရပါမယ္။

Комментарии

Информация по комментариям в разработке