စိုးလင်းဦးတွက် အမှတ်ရစရာ ပွဲကြီးတပွဲ

Описание к видео စိုးလင်းဦးတွက် အမှတ်ရစရာ ပွဲကြီးတပွဲ

စိုးလင်းဦးကို ထိုးကြိတ်ကန်ကျောက်ခဲ့ဖူးသူတွေ ခပ်များများ အနားယူကုန်ပြီဖြစ်ပေမယ့် သံမဏိလေးကတော့ ခုချိန်ထိ ကျန်းမာကြံ့ခိုင် ပန်းပန်လျက်ပါပဲ။ ဒါဟာ သူ့ရဲ့ ကောင်းမွန်တဲ့အကျင့်စာရိတ္တနှင့် အသောက်အစားအပျော်အပါး ကင်းမှုကြောင့်လည်း မှန်ပါတယ်။ အားကစားသမားပီသတဲ့အနေအထိုင်ကျစ်လျစ်မှုနှင့်အတူ မခိုမကပ်တဲ့ပွဲထရိန်နင်ပြည့်ဝမှုဟာ သူ့ကိုရေရှည်အောင်မြင်တဲ့ လက်ဝှေ့သမား ဖြစ်စေခဲ့ပါတယ်။ အမှတ်ရစရာပွဲတပွဲအဖြစ် သူကိုယ်တိုင်ပြန်ပြောပြခဲ့ရတဲ့ ဖြတ်သန်းမှုတခုကတော့ အခုရှုစားရမယ့် သောင်ပြင်ရွာက ရွှေမင်းရာဇာနဲ့ ထိပ်တိုက်တွေ့မှုပါပဲ။ ပညာ-အမာ-သမ္ဘာပါ သာလွန်တဲ့ စီနီယာအကိုကြီးကို စိုးကြီးတယောက် ခက်ခဲပင်ပန်းစွာဖြတ်သန်း အနိုင်ယူခဲ့ပုံဟာ ပြောစမှတ် ဖြစ်ရသည်အထိပါပဲလို့ ဆိုချင်ပါတယ်။

Комментарии

Информация по комментариям в разработке