လားရှိုးမြို့မှာ ဘာတွေဖြစ်နေသလဲ - မြို့ကိုစွန့်ခွာလာသူ ပြောပြချက်

Описание к видео လားရှိုးမြို့မှာ ဘာတွေဖြစ်နေသလဲ - မြို့ကိုစွန့်ခွာလာသူ ပြောပြချက်

လားရှိုးမြို့မှာ ဘာတွေဖြစ်နေသလဲ - မြို့ကိုစွန့်ခွာလာသူ ပြောပြချက်
………..
ပြင်းထန်နေတဲ့ တိုက်ပွဲတွေအပြင် လူနေရပ်ကွက်တွေထဲကို လက်နက်ကြီး ကျရောက်ပေါက်ကွဲမှုတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ များလာတာကြောင့် ထောင်နဲ့ချီတဲ့ လားရှိုးမြို့ခံတွေဟာ မြို့ကိုစွန့်ခွာသွားကြပါပြီ။

ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်လို့ခေါ်ကြတဲ့ လားရှိုးမြို့နယ်အတွင်း လူဦးရေ ၃သိန်း ၃သောင်းနီးပါး နေထိုင်တယ်လို့ ၂၀၁၄ သန်းခေါင်စာရင်းအရသိရပြီး အဲ့ဒီလူဦးရေရဲ့ ထက်ဝက်ကျော်ဟာ မြို့ ပေါ်ရပ်ကွက်တွေမှာ နေထိုင်ကြတာပါ။

အရှေ့မြောက်တိုင်းစစ်ဌာနချုပ် တည်ရှိရာ လားရှိုးမြို့ကို တိုက်ခိုက်၊ သိမ်းပိုက်ဖို့အတွက် မြို့ပတ်ပတ်လည်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေကို ကိုးကန့်တပ် MNDAA ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့တွေက ဒီလဆန်းမှာ စတင်တိုက်ခိုက်နေတာပါ။

မြို့ကို လက်မလွတ်ရရေးအတွက် စစ်ကောင်စီက လေကြောင်းနဲ့ ဗုံးကြဲမှု၊ လက်နက်ကြီးပစ်ခတ်မှုတွေနဲ့ အသည်းအသန်ခုခံနေတာကြောင့် လားရှိုးမြို့မှာ အရပ်သားသေဆုံးမှု ဒါဇင်နဲ့ချီ ရှိပြီး၊ သေဆုံးမှုတွေ တိုးလာနေပါတယ်။

ဒီလိုအခြေအနေမှာ ဒေသခံအများစုဟာ မြို့ကို စွန့်ခွာသွားကြပါပြီ။ တိုက်ပွဲတွေကြောင့် လားရှိုးမြို့မှာ စက်သုံးဆီဈေး နဲ့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်နေသလို၊ ကျန်းမာရေးအတွက် အခြေခံဆေးဝါးတွေလည်း ရှားပါးလာတယ်လို့ သိရပါတယ်။

လားရှိုးမြို့မှာ ဘာတွေဖြစ်နေပါသလဲ ၊ ဒေသခံတွေ ဘယ်လို တွေ့ကြုံနေကြရသလဲ ၊ စစ်ဘေးရှောင်ရတဲ့ လမ်းခရီးမှာ ဘာအခက်အခဲတွေ ရှိနေသလဲဆိုတာ မြို့ကိုစွန့်ခွာလာသူတစ်ဦးက Myanmar Now ကို ပြောပြထားပါတယ်။

မေးမြန်း - မြတ်ကြီး

Комментарии

Информация по комментариям в разработке