စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် မိန့်ခွန်းထွက်ပြော

Описание к видео စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် မိန့်ခွန်းထွက်ပြော

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် မိန့်ခွန်းထွက်ပြော
...........
ရှမ်းမြောက်မှာ ကြုံနေရတဲ့ စစ်ပွဲတွေအပါအဝင် စစ်ကောင်စီတပ်တွေ ရင်ဆိုင်နေရတဲ့ ရှုံးနိမ့်မှုတွေဟာ တော်လှန်ရေးတပ်တွေကို ပြည်ပနိုင်ငံတွေ က ပေးတဲ့ လက်နက်၊ နည်းပညာနဲ့ ရိက္ခာတွေကြောင့်ဖြစ်တယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က ဒီကနေ့ ဩဂုတ်လ ၅ရက် မှာ ရုပ်မြင်သံကြားမိန့်ခွန်းကနေ စွပ်စွဲပြောဆိုလိုက်ပါတယ်။

ဘယ်နိုင်ငံဆိုတာကို တိတိကျကျပြောဆိုတာ မရှိပေမယ့် အိမ်နီးချင်း တရုတ်နဲ့ ထိုင်းနယ်စပ်တွေက ရတဲ့ လက်နက်တွေကြောင့် သူရဲ့တပ်တွေ အထိနာနေတယ်လို့ ဝန်ခံခဲ့ပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းက ကိုးကန့်ဒေသနဲ့လားရှိုးမြို့တို့ကို သိမ်းပိုက်ထားတဲ့ ကိုးကန့်တပ် MNDAA အသုံးပြုခဲ့တဲ့ ဒရုန်းတွေ ၊ ရှော့တိုက်ဒုံးတွေဟာ ပြည်ပပညာရှင်တွေရဲ့အကူအညီနဲ့ အဆင့်မြှင့်ထားတဲ့ လက်နက်တွေဖြစ်တယ်လို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင် ကဆိုပါတယ်။
MNDAA ရဲ့ တိုက်ခိုက်ရေး ဒရုန်းတွေကို “ပြင်ပကြေးစားနည်းပညာရှင်”တွေက အကူအညီပေးကာ အဆင့်မြှင့်ထားတာလို့ သူက စွပ်စွဲထားပါတယ်။

ဒါ့အပြင် ကရင်အမျိုးသားအစည်းအရုံး KNU က စစ်တောင်းမြစ်ဝှမ်းမှာ စစ်ပွဲအသစ်စဖို့ ပြင်ဆင်နေကြောင်း ၊ KNU တပ်မဟာ ၁၊၃၊ နဲ့ ၅ တို့ပါဝင်တိုက်ခိုက်မယ်လို့ သတင်းရကြောင်းသူက ငြီးတွားခဲ့ပြီး ထိုင်းနယ်စပ်က ရလာတဲ့ လက်နက်တွေကို အသုံးပြုနေတယ်လို့ သူကဆိုပါတယ်။

Комментарии

Информация по комментариям в разработке