တရုတ်ရဲ့ နေပြည်တော် ခြေလှမ်း

Описание к видео တရုတ်ရဲ့ နေပြည်တော် ခြေလှမ်း

တရုတ်ရဲ့ နေပြည်တော် ခြေလှမ်း (ရုပ်/သံ)

စောမေရီ၊ ဇွန် ၂၉၊ ၂၀၂၄

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာအထူးကိုယ်စားလှယ် မစ္စတာတိန့်ရှီးကျွင်း ဟာ ဇွန်လ ၁၈ ရက်နေ့က နေပြည်တော်မှာ အာဏာသိမ်း စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီတွေ့ဆုံမှုမှာ မြန်မာ-တရုတ် နယ်စပ်ဒေသတလျှောက် ငြိမ်းချမ်းတည်ငြိမ်ရေး ဆိုတဲ့ အချက်အပါအဝင် နှစ်နိုင်ငံဆက်ဆံရေးနဲ့ အကျိုးဖြစ်ထွန်းစေမယ့် ပူးပေါင်းဆောင်ရွက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်ရေး၊ အာဆီယံနဲ့ ကုလသမဂ္ဂမှာ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားရေးဆိုတဲ့ အချက်တွေပါဝင်တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ သုတေသီတွေကတော့ တရုတ်ရဲ့ ခြေလှမ်းဟာမြန်မာနိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ရေးဆိုတာထက် သူ့ရဲ့ အကျိုးစီးပွား တခုတည်းအတွက်ဦးတည်တဲ့ ခြေလှမ်းသာဖြစ်တယ်လို့ ဆိုကြပါတယ်။

အရင်က တရုတ်အစိုးရအနေနဲ့ မြန်မာ့အရေးကို ဝင်ရောက်စွက်ဖက်မှာ မဟုတ်ဘူးလို့ကတိကဝတ် ထားခဲ့ပေမယ့် လက်ရှိမှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့စစ်ကောင်စီအကြား ပဋိပက္ခတွေမှာ တရုတ်ရဲ့ ပါဝင်ပတ်သက်မှုတွေ တွေ့နေရတယ်လို့သုတေသီတချို့ကလည်း ထုတ်ပြောထားပါတယ်။

ဒီလိုပဋိပက္ခဖြစ်စဉ်တွေမှာ တရုတ်ရဲ့ စိုးရိမ်မှုကတော့ အဲဒီဒေသတွေမှာ ရှိနေတဲ့ သူတို့အကျိုးစီးပွားတွေ ဘယ်လောက်ထိခိုက်နိုင်သလဲဆိုတာပဲ ဖြစ်တယ်လို့ လည်းဆိုပါတယ်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Комментарии

Информация по комментариям в разработке