People's Spring | ပြည်တွင်း ပုဂ္ဂလိက ဘဏ်ပိုင်ရှင်တွေကို စစ်ကောင်စီခေါ်တွေ့

Описание к видео People's Spring | ပြည်တွင်း ပုဂ္ဂလိက ဘဏ်ပိုင်ရှင်တွေကို စစ်ကောင်စီခေါ်တွေ့

People's Spring | ပြည်တွင်း ပုဂ္ဂလိက ဘဏ်ပိုင်ရှင်တွေကို စစ်ကောင်စီခေါ်တွေ့

People's Spring

စီးပွားရေးလုပ်ငန်းတွေမှာ လက်ဝါးကြီးအုပ်တာ နဲ့ဈေးကစားတာတွေ လုပ်ရင် အရေးယူမယ်လို့ ပုဂ္ဂလိက်ဘဏ်တွေကို နေပြည်တော်ကို ခေါ်ယူပြီး စစ်ကောင်စီက ခြိမ်းခြောက်လိုက်ပါတယ်။

ဇူလိုင်လ ၁၀ရက်က နေပြည်တော်မှာ ဘဏ်လုပ်ငန်းရှင်တွေ၊ ဘဏ်ဥက္ကဋ္ဌ တွေကို ခေါ်ယူပြီး အခုလို သတိပေးတာလို့ စစ်ကောင်စီ ရဲ့ သတင်းဖော်ပြချက်အရသိရပါတယ်။

ပြည်တွင်းက ဘဏ် ၇ ခုကို အိမ်ရာချေးငွေ သတ်မှတ်နှုန်းထားထက်ပိုမိုထုတ်ချေးတာကြောင့် အရေးယူမယ်လို့ ကြေညာပြီး ရက်သတ္တပတ်အကြာမှာပဲ စစ်ကောင်စီက ဘဏ်တွေကို ခေါ်တွေ့တာပါ။

မနေ့ကတွေ့ဆုံမှုမှာ စစ်ကောင်စီအဖွဲ့ရဲ့ အတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး အောင်လင်းထွေး ကဦးဆောင်ပြီး စစ်ထောက်လှမ်းရေးအကြီးအကဲ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး ၊ ငွေကြေးဈေးကွက်စောင့်ကြည့်အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ညိုစောတို့ပါ တက်ရောက်တာတွေ့ရပါတယ်။

ဘဏ်သူဌေးကြီးတွေဖြစ်တဲ့ ကမ္ဘောဇဘဏ် ပိုင်ရှင် ဦးအောင်ကိုဝင်း ၊ AYA ဘဏ် ပိုင်ရှင် ဦးဇော်ဇော် ၊ UAB ဘဏ်ပိုင်ရှင် ဦးနေအောင် တို့လည်းတက်ရောက်ရတာတွေ့ရပါတယ်။
စစ်ကောင်စီဘက်တော့ ဘဏ်တွေနဲ့ ပူးပေါင်းဆောင်ရွက်မှု ပိုအားကောင်းလာစေဖို့ ခေါ်တွေ့တာလို့ဆိုထားပေမယ့်. ဘဏ်တွေကို သတိပေးခြိမ်းခြောက်တာတွေရှိတာကို စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

ဘဏ်တွေဟာ ချမှတ်ထားတဲ့ စီးပွားရေးမူဝါဒတွေကို ထိပါးလာတယ်လို့ အဲဒီတွေ့ဆုံပွဲမှာ စစ်ကောင်စီဘက်က သတိပေးပါတယ်။ဒါပေမယ့် ဘယ်လိုအချက်တွေ ထိပါးလဲဆိုတာကိုတော့ စစ်ကောင်စီဘက်က အသေးစိတ် ထုတ်ပြန်တာမရှိပါဘူး။

ဘဏ်တွေရဲ့လုပ်ဆောင်ချက်ဟာ နိုင်ငံအတွက် ထိခိုက်နစ်နာမှုတွေရှိလာရင် အရေးယူမယ်လို့ လည်း စစ်ကောင်စီဘက်က ဆိုပါတယ်။

လက်ရှိမှာတော့ ပြည်တွင်းက နာမည်ကြီးဘဏ်ဖြစ်တဲ့ ရိုးမဘဏ်ပိုင်ရှင် ဦးသိမ်းဝေကို စစ်ကောင်စီက နေပြည်တော်မှာ သီတင်းပတ်အတန်ကြာ ခေါ်ယူစစ်ဆေးနေပြီး အိမ်ပြန်ခွင့်မပေးသေးဘူးလို့ မြန်မာနောင်းမ် မီဒီယာက ရေးသားထားပါတယ်။

ရိုးမဘဏ်ဟာ အိမ်ရာချေးငွေ ထုတ်ချေးရာမှာ စစ်ကောင်စီ ဗဟိုဘဏ်က သတ်မှတ်ပေးထားတဲ့ သတ်မှတ်ချက်ထက် ၁၁ ရာခိုင်နှုန်းကျော်လွန်နေတာကိုစိစစ်တွေ့ရတယ်လို့ စစ်ကောင်စီက ဆိုထားပါတယ်။

ဒါအပြင် လတ်တလော ပြည်တွင်းဘဏ်တွေမှာ ငွေသားထုတ်ပေးရာမှာလည်း အကန့်အသတ်နဲ့ ထုတ်ပေးနေတဲ့ အခြေအနေကို ပြန်လည်ရောက်ရှိနေတာပါ ရက်ပိုင်းကြာလာပါပြီ။

ငွေအကန့်အသတ်မဲ့ ထုတ်နိုင်တဲ့ အထူးဘဏ်အကောင့် (Special Account) တွေအပါအဝင် ဘဏ်အကောင့်တစ်ခု တစ်ပတ်ကို ကျပ်သိန်း ၂၀ အထိသာအများဆုံးထုတ်ပေးတော့တာပါ။

အခုလိုအခြေအနေမှာ လူထုအနေနဲ့ မဖြစ်မနေ ကိစ္စရပ်တွေမှာသာ ငွေသားထုတ်ကြဖို့နဲ့ မိုဘိုင်းငွေပေးချေတဲ့စနစ်ကိုပိုအသုံးပြုကြဖို့ စစ်ကောင်စီရဲ့ ဗဟိုဘဏ် ဒုဥက္ကဋ္ဌ က ထွက်ပြောလာပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းကစပြီး ဘဏ်တွေရဲ့အကျပ်အတည်း မကြာခဏဆိုသလိုဖြစ်ပေါ်နေတာပါ။

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo  
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Комментарии

Информация по комментариям в разработке