ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

Описание к видео ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

ဗမာပြည်ကွန်မြူနစ်ပါတီ ပြောခွင့်ရ ရဲဘော်ဖိုးသံချောင်းနှင့် တွေ့ဆုံမေးမြန်းခြင်း
-------------
စစ်အာဏာသိမ်းပြီးနောက် နိုင်ငံ၏ အရှေ့မြောက်ပိုင်းတွင် ညီနောင် မဟာမိတ်တပ်ဖွဲ့များ ဦးဆောင်ပြီး စစ်ကောင်စီတပ်များနှင့် တိုက်ပွဲများပြင်းထန်နေသည်။

နိုင်ငံလွတ်လပ်ရေး မတိုင်မီခေတ်ကပင် ပေါ်ပေါက်ခဲ့သည့် မာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) ၏ လက်နက်ကိုင်တပ်များသည်လည်း အရှေ့မြောက်ဒေသ တိုက်ပွဲများတွင် ညီနောင်မဟာမိတ်တပ်များနှင့်အတူ တိုက်ပွဲဝင်နေကြသည်။

၁၉၃၉ ခုနှစ်တွင် တည်ထောင်ခဲ့သည့် ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) သည် နိုင်ငံလွတ်လပ်ရေး ရပြီးနောက် ၁၉၄၈ မှ စတင်ပြီး လက်နက်ကိုင်တော်လှန်ရေးကို ဆင်နွှဲခဲ့သည်၊ ၁၉၈၉ ခုနှစ် ပါတီတွင်း ပုန်ကန်မှုများ ပေါ်ပေါက်ခဲ့ပြီးနောက် ပါတီခေါင်းဆောင်များသည် တရုတ်နိုင်ငံတွင် သွားရောက်နေထိုင်ကြသည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဗ.က.ပ၏ လက်နက်ကိုင်တပ်ဖြစ်သည့် ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) ကို တည်ထောင်ခဲ့ပြီး စစ်ကိုင်းတိုင်းတွင် ခြေကုပ်ယူကာ ယခု ဖြစ်ပွားနေသည့် နိုင်ငံ အရှေ့မြောက်ပိုင်းက စစ်ပွဲများတွင် PLA တပ်ဖွဲ့ဝင်များလည်း တိုက်ပွဲဝင်နေကြသည်။

ဗမာပြည်ကွန်မြူနစ်ပါတီ (ဗ.က.ပ) ၏ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ဖိုးသံချောင်းကို လူထုသတင်းစာတိုက်ပိုင်ရှင် လူထုဦးလှနှင့် လူထုဒေါ်အမာ တို့က မန္တလေးမြို့တွင် မွေးဖွားခဲ့သည်။

ကိုကိုးကျွန်းပြန်နိုင်ငံရေး အကျဉ်းသား ဟောင်း တစ်ဦးလည်း ဖြစ်ပြီး စာရေးဆရာ တစ်ဦးလည်း ဖြစ်သူ ဗမာပြည် ကွန်မြူနစ်ပါတီ (CPB) ပြောရေးဆိုခွင့် ရှိသူ ရဲဘော် ဖိုးသံချောင်းကို လက်ရှိဖြစ်ပွားနေသည့် တရုတ်-မြန်မာ နယ်စပ်ရှိ စစ်ပွားများအရေး၊ တရုတ်နိုင်ငံ၏ မြန်မာ့ နိုင်ငံရေး အပေါ် သဘောထားများကို Myanmar Now က မေးမြန်းထားသည်။

မေးမြန်း - ကိုချို

လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/registe... လှူဒါန်းနိုင်ပါသည်။

Комментарии

Информация по комментариям в разработке