PDF ကို လက်နက်ထောက်ပံ့တာမျိုး နိုင်ငံတကာလုပ်လာနိုင်လား- BBC News မြန်မာ

Описание к видео PDF ကို လက်နက်ထောက်ပံ့တာမျိုး နိုင်ငံတကာလုပ်လာနိုင်လား- BBC News မြန်မာ

တကျော့ပြန် စစ်အာဏာသိမ်းမှု နောက်ပိုင်း အခု တွေ့မြင်နေရတဲ့ လက်နက်ကိုင် တွန်းလှန်မှုဟာ အရင် ဆယ်စုနှစ် တွေတုန်းက ရှိနှင့်ပြီး အခြေအနေတွေထက် ကျော်လွန်တဲ့ နောက်တစ်ဆင့်ကို ရောက်လာပြီ ဖြစ်တယ်ဆိုတဲ့ သုံးသပ်မှုတွေ ရှိနေပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေ၊ တိုက်ပွဲတွေဟာ လူမျိုးစု နယ်မြေတွေ၊ နယ်စပ်ဒေသတွေကနေ ကျော်လွန်လာပြီး ဒေသကာကွယ်ရေး အဖွဲ့တွေ အနယ်နယ်အရပ်ရပ်မှာ ပေါ်ပေါက်လာတဲ့ အချက်နဲ့၊ ကြားကာလ တရားဝင် အစိုးရ အနေနဲ့ ကြေညာထားတဲ့ NUG တည်ရှိနေမှုတို့ အပေါ်မှာ မူတည်ပြီး မြန်မာ့အရေး လေ့လာ စောင့်ကြည့်သူတွေ၊ စစ်ရေး အကဲခတ်တွေက ဆန်းစစ်ထားတာ ဖြစ်ပါတယ်။

ဒီ အချိန် ၊ နိုင်ငံတကာ အနေနဲ့ လည်း မြန်မာပြည် တကျော့ပြန် စစ်အာဏာသိမ်းခံရမှု အဆုံးသတ်နိုင်ရေး နည်းလမ်းတွေ ရှာဖွေကြတဲ့ အခါ ၊ ပြည်တွင်း လက်နက်ကိုင် တော်လှန်ရေး လမ်းကြောင်းနဲ့ ချိတ်ဆက်နိုင်တဲ့၊ လိုက်လျောညီထွေ ဖြစ်နိုင်တဲ့ အရာ အားလုံးကို ထည့်သွင်း စဥ်းစား လာကြဖွယ်ရှိပါသလား .... ခုတစ်ပတ်မှာတော့ ဒီအကြောင်း အာရုံစိုက် ဆွေးနွေး သွားမှာ ဖြစ်ပါတယ်။

ဒီတစ်ပတ် ပါဝင် ဆွေးနွေးကြသူတွေကတော့ နိုင်ငံတကာ လူ့အခွင့်အရေး ဆိုင်ရာ စောင့်ကြည့်ရေး အဖွဲ့ HRW နဲ့ အာရှ ဖောင်ဒေးရှင်းတို့မှာ အကြီးတန်းသုတေသီတစ်ဦး ဖြစ်ခဲ့တဲ့ မြန်မာ့အရေး အနီးကပ် စောင့်ကြည့် လေ့လာသူ ဒေးဗစ် မက်သဆန်နဲ့၊ ကရင့်တော်လှန်ရေးထဲ ဆယ်စုနှစ်ပေါင်းများစွာ အတွေ့အကြုံရှိခဲ့ပြီး NUG နဲ့ကြားမှာလည်း ထိတွေ့မှုတွေ ရှိနေတဲ့ KNU တွဲဘက် အထွေထွေ အတွင်းရေးမှူးဟောင်း ပဒိုမန်းမန်းတို့ ဖြစ်ပါတယ်။

ကိုဝေဖြိုး စီစဥ်တင်ဆက် ထားပါတယ်။ #ဘီဘီစီမြန်မာပိုင်း #သတင်းမြင်ကွင်း

Комментарии

Информация по комментариям в разработке