တောင်ကုတ်တိုက်ပွဲမှာ စစ်ကောင်စီ အကျအဆုံးများ... ကျောက်လုံးကြီးစခန်းပြန်ရရေး စစ်ကောင်စီ ထိုးစစ်ဆင်..

Описание к видео တောင်ကုတ်တိုက်ပွဲမှာ စစ်ကောင်စီ အကျအဆုံးများ... ကျောက်လုံးကြီးစခန်းပြန်ရရေး စစ်ကောင်စီ ထိုးစစ်ဆင်..

တောင်ကုတ်တိုက်ပွဲမှာ စစ်ကောင်စီ အကျအဆုံးများ... ကျောက်လုံးကြီးစခန်းပြန်ရရေး စစ်ကောင်စီ ထိုးစစ်ဆင်... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၂၂- ၆ - ၂၀၂၄)

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ နေပူတောင် အနီးမှာ AA (အာရက္ခတပ်တော်) နဲ့ စစ်ကောင်စီတပ်တွေ ဇွန် ၂၀ မနက်ပိုင်းက စပြီး တိုက်ပွဲပြင်းထန်နေတယ်လို့ ဒေသတွင်း မီဒီယာ Western News က ဖော်ပြပါတယ်။

ပဲခူးတိုင်း၊ ပြည်ဘက်ကနေ ရခိုင်ဘက် ထိုးဆင်းလာတဲ့ အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို AA က ကြားဖြတ်တိုက်ခိုက်ရာက တိုက်ပွဲဖြစ်တာလို့ ဒေသခံတွေ ပြောတာကို ကိုးကားဖော်ပြပါတယ်။

ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများပြီး လေကြောင်းပစ်ကူ သုံးနေတယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

ဖားဆောင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ပစ်လိုက်တဲ့ လက်နက်ကြီးတွေထဲ အဆိပ်ငွေ့ ပါတယ်လို့ ယူဆရပြီး အဲဒီအငွေ့ ရှူမိတဲ့ ကရင်နီရဲဘော်တွေ မူးဝေ အော့အန်နေ...

စခန်းစွန့်ခွာ ထွက်ပြေးသွားတဲ့ တနင်္သာမြစ်ဘေးက ကျောက်လုံးကြီးစခန်းကို စစ်ကောင်စီက ပြန်ယူဖို့ ထိုးစစ်ဆင်လာတဲ့အတွက် ဒေသခံ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေ...

မင်းတပ်မြို့နယ်နဲ့ မကွေးတိုင်း ယောနယ် အစပ်မှာရှိတဲ့ ရွှေအောင်သာ စခန်းက စစ်ကောင်စီ တပ်သားတွေ စခန်းကို မီးတင်ရှို့ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွား...

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) PDF-MDY ရဲ့ အခြေခံ စစ်ပညာ သင်တန်း အပတ်စဉ် ၁၂/က သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။    / burmanewsnetwork  )

Комментарии

Информация по комментариям в разработке