ကျရှုံးမှုတွေကို စစ်ခေါင်းဆောင်ကိုယ်တိုင်ဝန်ခံ

Описание к видео ကျရှုံးမှုတွေကို စစ်ခေါင်းဆောင်ကိုယ်တိုင်ဝန်ခံ

ကျရှုံးမှုတွေကို စစ်ခေါင်းဆောင်ကိုယ်တိုင်ဝန်ခံ (ရုပ်/သံ)

ဘုန်းအောင်၊ ဩဂုတ် ၆၊ ၂၀၂၄

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သူ့ကိုယ်သူ ယာယီသမ္မတအဖြစ် ပြန်ခန့်ပြီးနောက် ဩဂုတ်လ ၅ ရက်နေ့က ပထမဦးဆုံး ထွက်ပြောတဲ့ မိန့်ခွန်းမှာ လက်ရှိ စစ်တပ်ရဲ့ အရှုံးတွေကို ဝန်ခံသွားခဲ့ပါတယ်။

အရှုံးတွေနဲ့ အမှားတွေကို ဝန်ခံလေ့ မရှိတဲ့ စစ်တပ်နဲ့ စစ်ခေါင်းဆောင်ဟာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကျရှုံးပြီးတဲ့နောက် ရှမ်းပြည်နယ် မြောက်ပိုင်းက အခြေအနေ အပါအဝင် တနိုင်ငံလုံးမှာ ကျရှုံးနေတဲ့ အခြေအနေကို ဝန်ခံပြောဆိုသွားတာဖြစ်ပါတယ်။

ရှမ်းပြည်နယ် မြောက်ပိုင်းဒေသနဲ့ ပတ်သက်ပြီး လူမျိုးရေး ပဋိပက္ခဖြစ်စေမဲ့ အသုံးနှုန်းတွေကိုလည်း မိန့်ခွန်းမှာ ထည့်ပြောခဲ့သလို လက်ရှိ စစ်တပ်ရဲ့ ရှုံးနိမ့်မှုတွေဟာ တော်လှန်ရေးတပ်တွေကို ပြည်ပ နိုင်ငံတွေကပေးအပ်တဲ့ လက်နက်၊ နည်းပညာနဲ့ ရိက္ခာတွေကြောင့်ဖြစ်တယ်လို့ စွပ်စွဲပြောဆို ခဲ့ပါသေးတယ်။

ဒါပေမယ့် ဒီလိုရှုံးနိမ့်မှုတွေဟာ အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်ရဲ့ စွမ်းဆောင်ရည်ညံ့ဖျင်းမှုကြောင့် ဆိုပြီး သူ့ကို နုတ်ထွက်ပေးဖို့ စစ်တပ်အမာခံထောက်ခံသူတွေ နဲ့ အမျိုးသားရေး အစွန်းရောက် လှုပ်ရှားသူတွေကတောင် တောင်းဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #စစ်ခေါင်းဆောင် #ရှုံးနိမ့်မှု #လူမျိုးရေးပဋိပက္ခ #ပြည်ပနိုင်ငံ

Комментарии

Информация по комментариям в разработке