မုန်တိုင်း ကယ်ဆယ်ရေး မြင်ကွင်းထဲက ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်

Описание к видео မုန်တိုင်း ကယ်ဆယ်ရေး မြင်ကွင်းထဲက ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်

မုန်တိုင်း ကယ်ဆယ်ရေး မြင်ကွင်းထဲက ထိုင်းစစ်တပ်နဲ့ မြန်မာစစ်တပ်(ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၁၂၊ ၂၀၂၄


ဗီယက်နမ်နိုင်ငံကို ဝင်ရောက်ခဲ့တဲ့ အင်အားပြင်း ယာဂိမုန်တိုင်းရဲ့ ရိုက်ခတ်တဲ့ဒဏ်ကို ထိုင်းနိုင်ငံရော၊ မြန်မာနိုင်ငံပါ ကြုံနေရပြီး ၂ နိုင်ငံလုံး ရေးဘေးအန္တရာယ်ကြုံနေကြရပါတယ်။ မြေပြင်ကယ်ဆယ်ရေးမှာတော့ ၂ နိုင်ငံအကြားမှာ ကွာခြားလွန်းတာတွေ့မြင်ရပါတယ်။


ထိုင်းတော်ဝင်တပ်ရဲ့ ကြည်း၊ ရေ၊ လေ တပ်တွေဟာ မြေပြင်မှာရော၊ ဝေဟင်ကပါ ပြည်သူတွေကိုကယ်တာ၊ ရိက္ခာထောက်ပံ့တာတွေကို တတပ်တအား လုပ်ဆောင်နေကြတာတွေ့ရပါတယ်။


ထိုင်းနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ တာချီလိတ်နဲ့ မြဝတီမြို့တွေဟာ ထိုင်းနိုင်ငံထဲက မယ်ဆိုင်နဲ့ မဲဆောက်တို့မှာလို ကူညီကယ်ဆယ်ရေးတွေ ထိထိရောက်ရောက် ခံစားခွင့်ရမနေကြပါဘူး။ မြန်မာနိုင်ငံထဲကဒေသတွေမှာ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးနေကြရတဲ့အပြင် လူသေဆုံးမှု၊ ပျောက်ဆုံးမှုတွေပါ ကြုံနေကြရတာဖြစ်ပါတယ်။


မြန်မာနိုင်ငံက ရေဘေးသင့် ပြည်သူတွေဟာ နေအိမ်တွေနဲ့ အဆောက်အအုံတွေမှာ ပိတ်မိနေပြီး အစာရေစာ ပြတ်လပ်တဲ့ ဒဏ်ကိုပါ ရင်ဆိုင်နေကြရပါတယ်။ ရေဘေးသင့်ဒေသတွေမှာ မီးသတ်တပ်ဖွဲ့ဝင် တချို့နဲ့ လူမှုကူညီရေးအသင်း တချို့သာ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတာ တွေ့ရပြီး နိုင်ငံတော်အဆင့် အရေးပေါ် ကယ်ဆယ်ရေးမြင်ကွင်းတွေ ပျောက်ဆုံး နေပါတယ်။


#မြန်မာ #ဧရာဝတီ #ယာဂိမုန်တိုင်း #ရေဘေးသင့် #ထိုင်းတော်ဝင်တပ် #မြန်မာစစ်တပ်

Комментарии

Информация по комментариям в разработке