တရုတ်နဲ့ စစ်ကောင်စီ ဝေးသွားပြီလား (ရုပ်/သံ)

Описание к видео တရုတ်နဲ့ စစ်ကောင်စီ ဝေးသွားပြီလား (ရုပ်/သံ)

တရုတ်နဲ့ စစ်ကောင်စီ ဝေးသွားပြီလား (ရုပ်/သံ)

စောမေရီ၊ သြဂုတ် ၁၃၊ ၂၀၂၄

တရုတ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အာရှရေးရာ အထူးကိုယ်စားလှယ် မစ္စတာ တိန့်ရှီးကျွင်း ဟာ သြဂုတ်လ ၈ ရက်က နေပြည်တော်ကို လာရောက်ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တယ်လို့ စစ်ကောင်စီ လက်အောက်ခံ သတင်းဌာနတွေကနေ ဖော်ပြပါတယ်။

မစ္စတာတိန့်ရှီကျွင်းရဲ့ နေပြည်တော်ခရီးစဉ်ဟာ စစ်ခေါင်းဆောင် ယာယီသမ္မတ တာဝန်ယူထားတဲ့ ကာလမှာ ပထမဆုံးအကြိမ်ဖြစ်သလို ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမှာ အခြေစိုက်ထားတဲ့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် (ရမခ) ကျရှုံးပြီး တပတ်မပြည့်ခင်မှာ ရောက်လာခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့အရေး စောင့်ကြည့်လေ့လာနေတဲ့ နိုင်ငံရေးသုတေသီတွေကတော့ နိုင်ငံတကာရဲ့ ဖိအားတွေရဲ့ ကြားကနေ စစ်ကောင်စီ လုပ်နေတဲ့ လုပ်ရပ်တွေဟာ ပိုမို ရှုပ်ထွေးတဲ့ မြန်မာ့ နိုင်ငံရေး အလှည့်အပြောင်းကိုသာ ဦးတည်နေပြီး နိုင်ငံတဝန်း
ပြည်တွင်းစစ်ပဋိပက္ခတွေ ပိုကျယ်ပြန့် လာနိုင်တဲ့ အနေအထားကို ရောက်နေတယ်လို့ ဆိုပါတယ်။

#မြန်မာ #ဧရာဝတီ #တရုတ် #စစ်ကောင်စီ #တိန့်ရှီကျွင်း #မင်းအောင်လှိုင်
------------------------------------------------
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Комментарии

Информация по комментариям в разработке