မရဏလမ်းပေါ်က အောင်ဇေယျစစ်ကြောင်း

Описание к видео မရဏလမ်းပေါ်က အောင်ဇေယျစစ်ကြောင်း

မရဏလမ်းပေါ်က အောင်ဇေယျစစ်ကြောင်း (ရုပ်/သံ)

ဇော်မြတ်ခန့်၊ ဇွန် ၆၊ ၂၀၂၄

ထိုင်း-မြန်မာနယ်စပ်က မြဝတီမြို့ကို ပြန်လည်ထိန်းချုပ်ဖို့ ချီတက်လာတဲ့ စစ်ကောင်စီရဲ့ အောင်ဇေယျစစ်ကြောင်းဟာ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုတွေကြောင့် လမ်းခရီးမှာပဲ အသေအဆုံးများနေတယ်လို့ စစ်ကောင်စီ တပ်ဖွဲ့ဝင်ဟောင်းတွေက ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတော်အဆင့် စစ်ကြောင်း အဖြစ် တပ်မ ၄၄ ၊တပ်မ ၅၅ တပ်တွေကို အောင်ဇေယျစစ်ကြောင်း အနေနဲ့ ဒေါနတောင် လမ်း၊ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွေက တဆင့် ပို့လွှတ်နေတာဖြစ်ပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ ဒေါနတောင်ကြောပေါ်မှာ ရှေ့မတိုးနိုင်ဘဲ ရှင်းလင်း ခံနေရတာ ဖြစ်တယ်လို့ အောင်ဇေယျ စစ်ကြောင်းကနေ CDM ပြုလုပ်လာတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ဆိုပါတယ်။

အခုအောင်ဇေယျစစ်ကြောင်းချီလာတဲ့ လမ်းတွေဟာ မိုးရာသီမှာ လမ်းကြမ်းတဲ့အတွက် မြဝတီ ရောက်ဖို့ မျှော်လင့်ချက် မရှိဘဲ သတ်ကွင်းထဲမှာ အမှည့်ခြွေခံရတဲ့ အခြေအနေ ဖြစ်သွားနိုင်တယ်လို့ မြေပြင် တပ်မှူးတချို့က ဧရာဝတီကို ပြောပါတယ်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Комментарии

Информация по комментариям в разработке