စပြီးလုံးတဲ့နေ့ကတည်းက တပ်ရင်းတွေက ဖွဲ့စည်းပုံပျက်ပြီး အသေအပျောက်ပိုများသွားတာ (ရုပ်/သံ)

Описание к видео စပြီးလုံးတဲ့နေ့ကတည်းက တပ်ရင်းတွေက ဖွဲ့စည်းပုံပျက်ပြီး အသေအပျောက်ပိုများသွားတာ (ရုပ်/သံ)

စပြီးလုံးတဲ့နေ့ကတည်းက တပ်ရင်းတွေက ဖွဲ့စည်းပုံပျက်ပြီး အသေအပျောက်ပိုများသွားတာ (ရုပ်/သံ)

ဧရာဝတီ၊ ဇွန် ၇၊ ၂၀၂၄

ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကိုယ်တိုင် စီမံပြီး နိုင်ငံတော်အဆင့် စစ်ကြောင်း အဖြစ် စစ်ဆင်ရေးစေလွှတ်လိုက်တဲ့ "အောင်ဇေယျစစ်ကြောင်း" ဟာ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နဲ့ မြဝတီမြို့နယ် အကြားမှာရှိတဲ့ ဒေါနတောင်ကြောပေါ်မှာဘဲ အပြိုပြိုအလဲလဲ ကျရှုံးနေတယ်လို့ အောင်ဇေယျ စစ်ကြောင်းကနေ ဘက်ပြောင်းခိုလှုံလာတဲ့ ရဲဘော်တွေက ဧရာဝတီကို ပြောပါတယ်။

အောင်ဇေယျစစ်ကြောင်းကို တပ်မ ၄၄၊ တပ်မ ၅၅ လက်အောက်ခံတပ်တွေနဲ့ တခြားတပ်တွေက ထုတ်နှုတ်ထားတဲ့ အင်အားတွေနဲ့ စုပေါင်းဖွဲ့စည်းထားပြီး ဒေါနတောင်လမ်း၊ ကော့ကရိတ်-မြဝတီ အာရှလမ်းပိုင်းတွေက တဆင့် ပို့လွှတ်နေတာဖြစ်ပါတယ်။ မြဝတီမြို့နဲ့ ထိုင်း-မြန်မာ နယ်စပ်ကုန်သွယ်ရေးကြောင်းကို ပြန်လည်ထိန်းချုပ်နိုင်ဖို့ ဧပြီလဒုတိယပတ် ကတည်းက အင်အား ၁၆၀၀ ကျော်နဲ့ စတင်ခဲ့တဲ့ စစ်ကြောင်းဟာ ရှေ့မတိုးနိုင်တော့ဘဲ ပြောက်ကျားစစ်ဆင်ရေးအောက်မှာ ရာနဲ့ချီပြီးကျဆုံးနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ကော့ကရိတ်မြို့နဲ့ မြဝတီမြို့ကို ဆက်သွယ်ထားတဲ့ ဒေါနတောင်လမ်းဟောင်းဟာ ကားနဲ့သွားရင် ၃ နာရီလောက် ကြာမြင့်ပြီး အာရှလမ်းမကြီးကတော့ ၄၅ မိနစ်ဝန်းကျင်သာကြာမြင့်တာဖြစ်ပါတယ်။ မြေပြင်အင်အားတွေအပြင် ဝေဟင်က ဗုံးကြဲတိုက်ခိုက်မှုတွေ၊ တာဝေးပစ်လက်နက်ကြီးတွေနဲ့ အင်အားသုံးပြီး ချီတက်လာတဲ့ အောင်ဇေယျစစ်ကြောင်းဟာ စစ်ဆင်ရေး ၂ လကြာလာတဲ့ အထိ လမ်းတဝက်ကို မကျော်နိုင်ဘဲ ဖြတ်တိုက်ခံနေရတာဖြစ်ပါတယ်။

မြေပြင်တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ အောင်ဇေယျစစ်ကြောင်း စစ်ဆင်ရေး အစပိုင်းမှာ စစ်ကောင်စီဘက်က လေယဉ်တွေနဲ့ ဗုံးကြဲတိုက်တာ၊ တာဝေးပစ် အမြောက်တွေ၊ အတွဲလိုက်ဒုန်းတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် တော်လှန်ရေးတပ်တွေဘက်က ထိခိုက်ဒဏ်ရာရမှုတွေများခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အသေအပျောက်တော့ နည်းခဲ့တယ်လို့ ဆိုပါတယ်။

ဒေါနတောင်ပေါ်ရောက်လာတဲ့ အောင်ဇေယျ စစ်ကြောင်းကတော့ တော်လှန်ရေး ပူပေါင်းတပ်တွေရဲ့ ပစ်ကွင်းထဲရောက်နေသလို ကြုံနေရပြီး ပြောက်ကျား စစ်ဆင်ရေး၊ ဒရုန်းစစ်ဆင်ရေးတွေအောက်မှာ ရာနဲ့ချီ သေဆုံးနေရတယ်လို့ အောင်ဇေယျစစ်ကြောင်းကနေ အကြမ်းမဖက်အာဏာဖီဆန်းရေးလှုပ်ရှားမှု (CDM) ပြုလုပ်ခဲ့တဲ့ တပ်ဖွဲ့ဝင်တွေက မြေပြင်မှာ ရင်ဆိုင်နေရတဲ့ အခြေအနေကို ပြန်ရှင်းပြပါတယ်။

စစ်ဆင်ရေး အတွင်း သေဆုံးခဲ့တဲ့ တပ်ဖွဲ့ဝင်တွေကို အောင်ဇေယျစစ်ကြောင်း မြေပြင်ဦးဆောင်သူတွေက ပျောက်ဆုံးစာရင်း အနေနဲ့ တင်ပြမှုတွေပြုလုပ်နေသလို တိုက်ခိုက်ရေးဘက်မှာလည်း စိတ်ဝမ်းကွဲမှုတွေရှိနေတယ်လို့ အောင်ဇေယျစစ်ကြောင်းကနေ မေလကုန်ပိုင်းမှာ CDM ပြုလုပ်ခဲ့တဲ့ တပ်သား နိုင်အေး ကပြောပါတယ်။ တပ်သား နိုင်အေးဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ညီနောင်မဟာမိတ် ၃ ဖွဲ့က ပြုလုပ်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး အတွင်း လောက်ပိုင်တိုက်ပွဲမှာ လက်နက်ချခဲ့တဲ့ စစ်ကောင်စီ တပ်ရင်းတွေထဲမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Комментарии

Информация по комментариям в разработке