မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

Описание к видео မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

မူဆယ် နမ့်ခမ်း လမ်းကို သီချင်းနဲ့ ပြင်ခဲ့သူ (သို့) စိုင်းဆိုင်မောဝ် (ရုပ်/သံ)

ဧရာဝတီ၊ ဇူလိုင် ၁၈၊ ၂၀၂၄

ရှမ်းတိုင်းရင်းသား အဆိုတော် စိုင်းဆိုင်မောဝ်ဟာ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန်မြို့နယ်က သူ့ရဲ့နေအိမ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ကွယ်လွန်ချိန်မှာ အသက် ၇၆ နှစ် ရှိပါပြီ။

အခုရုပ်သံဟာ ၂၀၁၈ ခုနှစ်က ကျန်းမာရေး အခြေအနေ ကြောင့် ထိုင်းနိုင်ငံ ဘန်ကောက်ကိုသွားပြီး ဆေးကုသခဲ့ပြီးချိန် ၂၀၁၉ ခုနှစ်မှာ ဧရာဝတီက သွားရောက်တွေ့ဆုံ မေးမြန်းထားတာဖြစ်ပါတယ်။

စိုင်းဆိုင်မောဝ်ဟာ ခေတ်နဲ့လျော်ညီတဲ့ သီချင်းတွေကို ရေးခဲ့ပြီး သူရေးခဲ့တဲ့သီချင်းတွေထဲမှာ မူဆယ် နမ့်ခမ်းလမ်း သီချင်းဟာလည်း လူကြိုက်များခဲ့တဲ့ သီချင်းတပုဒ် ဖြစ်ခဲ့ပါတယ်။

အဲဒီတုန်းက ရှမ်းပြည် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက သူ့ကိုခေါ်တွေ့ခဲ့ပြီး နောက်ပိုင်းမှာ သူ့သီချင်းတွေကို ပိတ်ပင်ခဲ့တယ်လို့ ဆိုပါတယ်။

အင်တာဗျူး - ငြိမ်းဇော်
ရိုက်ကူး - ကျော်သူရ

#ဧရာဝတီ #စိုင်းဆိုင်မောဝ် #မူဆယ်နမ့်ခမ်းလမ်း #ရှမ်း #အဆိုတော်

စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Комментарии

Информация по комментариям в разработке