Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Описание к видео Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်
By ရန်ကုန်ခေတ်သစ်
ဒီကနေ့ အောက်တိုဘာ ၃ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့် သတင်းတွေကတော့
နေပြည်တော်- တိုင်းစစ်ဌာနချုပ်မှာ အရာရှိတွေ အနေနဲ့ ရာထူးတက်ချင်ရင် ဦးပိုင်ကုမ္ပဏီရဲ့ သတ်မှတ် ရှယ်ယာပမာဏ ပြည့်မီအောင် ငွေထည့်မှ ထောက်ခံချက် လက်မှတ်ထိုးပေးမယ်ဆိုပြီး စစ်ကောင်စီ တပ်ရဲ့ ဗိုလ်ချုပ်ဇော်ဟိန်းက အကျပ်ကိုင် အမိန့်ထုတ် ထားတယ်လို့သိရပါတယ်။
-ကရင်အမျိုးသားအစည်းအရုံး KNU၊ ကော်သူးလေအုပ်ချုပ်နယ်မြေ၊ တပ်မဟာ ၁ သထုံခရိုင်အတွင်းက စစ်အာဏာရှင်ကို တော်လှန်နေတဲ့ ကာကွယ်ရေးအဖွဲ့ ၂၅ ဖွဲ့ ပေါင်းစည်းပြီး KNU သထုံခရိုင် တပ်မဟာ (၁) မိတ်ဖက် တော်လှန်ရေးတပ်ပေါင်းစု အဖြစ် ဖွဲ့စည်းလိုက်ပြီးဖြစ်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ညောင်ဖြူပင်-ရွာမှာရှိတဲ့ စစ်ကောင်စီဘက်က ရဲစခန်းကို မဟာမိတ် PDF တပ်ပေါင်းစုကနေ အောက်တိုဘာလ ၂ ရက်နေ့ မနက်ပိုင်းက ဝင်ရောက် တိုက်ခိုက်ရာမှာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးပြီး ၅ ဦး ဒဏ်ရာ ရသွားတယ်လို့ မြင်းခြံခရိုင်တပ်ရင်း ၃ ရဲ့ တာဝန်ရှိသူ က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ သံချပ်ကုန်း-ကျေးရွာမှာ လူသတ်မှု ၂ ခု နဲ့ ထောင်ဒဏ် တစ်သက် တစ်ကျွန်း ကျခံရာကနေ စစ်တပ်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာသူ လူမိုက် မြတ်ထွန်းဟာ ပျူစောထီးအဖြစ် စစ်တပ်အတွက် အလုပ်လုပ်နေတဲ့အချိန် အောက်တိုဘာလ ၂ ရက်နေ့ မနက်ပိုင်းက ပစ်ခတ်ရှင်းလင်း ခံလိုက်ရတဲ့သတင်းအပါအဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက် ပေးပါမယ်။

Комментарии

Информация по комментариям в разработке