People's Spring | ပဲခူးတိုင်းအရှေ့ခြမ်းရှိ မြို့သုံးမြို့မှာ စစ်ဘေးအပြင်ရေဘေးပါ ရင်ဆိုင်နေရ

Описание к видео People's Spring | ပဲခူးတိုင်းအရှေ့ခြမ်းရှိ မြို့သုံးမြို့မှာ စစ်ဘေးအပြင်ရေဘေးပါ ရင်ဆိုင်နေရ

People's Spring | ပဲခူးတိုင်းအရှေ့ခြမ်းရှိ မြို့သုံးမြို့မှာ စစ်ဘေးအပြင်ရေဘေးပါ ရင်ဆိုင်နေရ

People’s Spring

ပဲခူးတိုင်းအရှေ့ခြမ်းက ညောင်လေးပင်ခရိုင်ထဲက ကျောက်ကြီး ၊ ရွှေကျင်နဲ့ မုန်းမြို့ တွေမှာ စစ်တောင်း မြစ်ရေကြီးတာကြောင့် ရေကြီးရေလျှံမှုတွေ ဖြစ်နေပြီး ဒေသခံတွေအရေးပေါ်အကူအညီ လိုအပ်နေပြီလို့ ကရင်အမျိုးသားအစည်းအရုံး(KNU) ထုတ်ပြန်ပါတယ် ။

KNU တပ်မဟာ ၃ စစ်ရေးလှုပ်ရှားရာနယ်မြေ ဖြစ်တဲ့ ညောင်လေးပင်ခရိုင်ထဲမှာ စစ်ကောင်စီတပ်နဲ့တိုက်ပွဲ တွေဖြစ်တာ ၊ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို မကြခဏကြုံရပြီး စစ်ရှောင်အများအပြားရှိနေတာပါ။

အခုတော့ စစ်ဘေးအပြင် ဇူလိုင်လ ၂၅ ရက်ကစပြီး ရေဘေးကို ထပ်မံရင်ဆိုင်နေရပါတယ်။

ဇူလိုင်လ ၂၅ ရက်ကစပြီး စစ်တောင်းမြစ် မြစ်ရေကြီးတာကြောင့် ကျောက်ကြီး ၊ ရွေကျင်နဲ့ မုန်းမြို့တွေက မြစ်ရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်းက ကျေးရွာတွေထဲ ရေဝင်ကာ နေအိမ်တွေ ၊ သိုလှောင်ထားတဲ့ ဆန်၊စပါးတွေ၊ စားနပ်ရိက္ခာ တွေ ရေနစ်မြှပ်ပြီး ပျက်စီးဆုံးရှုံးတာတွေရှိခဲ့တာလို့ KNU က ဆိုပါတယ် ။

စပါးခင်းတွေ ရေလွှမ်းသွားတာ ၊ ရေကြီးရေလျှံမှုကြောင့်လမ်းတံတားတွေ ရေတိုက်စားပျက်စီးသွားလို့ လမ်းပန်းဆက်သွယ်ရေး အခက်အခဲ ဖြစ်ပေါ်ပြီး ဒေသခံတွေ အခက်ကြုံနေရတယ်လို့လည်း KNU က ပြောပါတယ် ။

ရေကြီးရေလျှံမှုကြောင့် မုန်းမြို့နယ် ထဲမှာဆိုရင် မြောင်းဦးရွာက အသက် ၄ နှစ် အရွယ် ကလေးငယ် ရေနစ်သေဆုံးခဲ့ရတဲ့အထိ ဖြစ်စဉ်ဖြစ်ခဲ့ပါတယ် ။

KNU ရဲ့ စာရင်းအရ မုန်းမြို့နယ်မှာ ကျေးရွာ ၅၇ ရွာ ၊ ကျောက်ကြီးမှာ ၄၂ ရွာ ရေမြှုပ်နေတယ်လို့ သိရပါတယ် ။

ရွှေကျင်မြို့နယ်မှာတော့ ကျေးရွာ ၃၂ ရွာ အနက် ရေဖြူကန်ကျေးရွာ၊ ချုံအင်းကျေးရွာ၊ ဂွေးကုန်းကျေးရွာ နဲ့ ကောက်မယ့်သူကျေးရွာ တွေ ရေဘေးကြုံ ရတာလို့KNU ကဆိုပါတယ်။

အဲဒီရွာတွေဟာ စစ်ဘေးဒဏ်ကိုကြုံခဲ့ရတဲ့ရွာတွေဖြစ်တယ်လို့သိရပါတယ်။

အခုလို ရေဘေးရင်ဆိုင်နေရတဲ့ညောင်လေးပင်ခရိုင်ထဲမှာ အခုနှစ် ခြောက်လတာအတွင်းမှာတင် စစ်ရှောင် ပြည်သူလေးသိန်းကျော်ရှိတယ်လို့ KNU က ဖော်ပြထားပါတယ်။

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo  
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Комментарии

Информация по комментариям в разработке