ပန်းမြိုင်လယ်

Описание к видео ပန်းမြိုင်လယ်

ပန်းမြိုင်လယ် (ရာမဇာတ်ထွက်ယိုးဒယား)
ရေး - ပြင်စည်မင်းသား
ဆို - ဒေါ်မေသန်း

( ပန်းမြိုင်လယ် သာနယ်ဗွေ မျှော်လေတိုင်း
ပြာခြေဆိုင်း ဝေမှိုင်းမြူမှောင်ခြယ်
အိုဘယ်ဝယ် တောင်စွယ်မှော်ရုံကြော
လွန်သာမောဖွယ် တောစုံယံမှာ
ရွှေလျှံဝင်းမှည့် ထုံမှုံကြွေ
ရီဝေပြာပြာ လွမ်းဖွယ်စေ။
လေပြေဆော်ကာ ဟေမာတွင်း
ထုံစီမာလာ ဂန္ဓာသင်းဝှန်
ယဉ်ရေခင်းငယ် ဆင်းကြည်သွန်။
သီလာဗွေကွန့် ညာမြေစွန်
မြရောင်ဖြာဆင့် ကန်သာလွန်။ )

မျှော် ဆွေးမှုဖန်ရွယ်ရေး ခုကြံဖွယ်ညွှန်
ပင်တိုင်ညာနန်းစံ
ဆွေးဟန်ငယ်သာ
ဖန်လာမြင်တော် ဣန္ဒာ။
သီတာမူယာ ပူဗျာလှယ်လို့
ခုဝယ်ကြုံတော့ ဘယ်ရွှေကံ
အိုလေ ဆိုယောင်ငိုယောင်ကြီး ငယ်နှင့်သာ
ညည်းမိဖန်ခါခါ။
ကြာ နန်းမယ်မှန်းရွယ် ပန်းတယ်ပူဗျာဝှန်
ဖြေညွန်ခွေယိမ်းပျောင်း
သောင်းမြေပြန့်ရုံ ဝေယန်သိင်္ဂါရွှေဘုံ။
တောင်ယံလယ်ကြော့ မြိုင်နယ်စုံ
ခိုင်ရွှေညှာနွဲ့ မာလာမှုန်။

( ညှင်းလေသွေးငယ် သွင်းခြွေအေးတယ်
ဆင်းရွှေသွေးလှယ် မွှေကြိုင်ထုံ။
သင်းပျံ့ကြူ ခိုင်ပန်းရွှေမဉ္ဇူ။
နွဲ့မူယာ ဂန္ဓာလှော်စံမှုန်
ဟေဝန်မြိုင်သီလာ စီးကာမြှောင်ကွေ့
ယဉ်ဘောင်လှယ်ဝေ့ခြယ်ရုံ လွမ်းဖို့ဖန်လာကြုံ။)2

[ ( ဘုံရွှေနန်းငယ်သည်ဝယ် ကွာနယ်ဆွေးရန်
ကြံမှိုင်တွေးပြန်
ပူဝန်ပန်းဖွယ်သည်မယ် ညှိုးတယ်ဝဋ်ဖန်
ဆိုယောင်မှားကံ
ဝေး သူ့ရပ်နယ်မြေ စကြာစုံရွှေမြန်း
( ရှိန်ဖြာကိန္ဒာ ပြည်တိုင်းခန်း
ကြို့ညိုသစ်ဘုံ စံကွန်းနန်း )2
ဖြန့်မြန်းညီနောင်လေ
စွန်တောင်ကိုင်ရွှေလေး
ရိပ်ဝင်ငယ်လေ ခိုကြောင်းရေး။
ပျော်ယောင်သာစက်မှေး
တွေးဖွယ်ကိုပင် သုကျိတ်မျှော်ရှုဆင်ခြင်။ ]2

( ညီနောင်မူရာ သူသာမြင်
သည်တွင်ရွှေဘဝင် လွန်လှိုက်လှဲ။ )2
ပူလောင်ကြေကွဲ
( ငိုယောင်ဆည်လည်း သည်သဲ
ပြေဘဲအောင်သာ သွယ်ကာငွေနှင်း
မျက်ရည်ဖြာဆင်း
ရင်တွင်းငယ်မှာ စက်ခါပျော်ဆဲနိုး )2
မျှော်တော်မြင်သော် ညွှန်လက်ညှိုး
ဝပ်လျှိုးမျောက်မွန် ကြောက်ဝှန်ကြက်သီးမိုး။

စုံဆယ်ဖြာ ပန်ထွာဦးတင်
ဖူးမြင်သက်လွှတ်ကြောင်း
ထံတော်ပေါင်း သောင်းမြေပိုင်
ရာမင်းဦးကိုင် ဘုန်းညွန့်လှိုင်
ပြည်ကိန္ဒာ နန်းမြိုင်ဆီမှာ
ဗာလီ သူမင်းမူ
ပူဗျာဘယ်မငြိမ်း သိမ်းယူငယ်သာ
ဖော်ကွာမယ်သုဘဒ္ဒါ
( သည်မှာတောင်သာ ခိုမှီရာ
သေလာမြိုင်ချာ ကြို့ညိုနန်း )2
စံမြန်းခုဝယ်
(နေနှယ် ရွှေဘုန်းလက်ရုံး ပြိုင်နှုန်းတေဇာ
စကြာထံရင်း ဆက်လာကျွန်ရင်း
သက်နှင်းပန်ထွာ ကြောင်းလျာငယ်
ကုန်စင်ရှိဦးထား။ )2
( ရွှေနားဆင်ပါ တင်ကာပန်လျှောက်ကြား )2
ညာနန်းနတ်ကယ်သွင် လေယာဉ်ပျံ
တိမ်ယံတောင်စွယ် မိုးလယ်ဝေယန်ဖျား
မြသား စုံမြိုင်ညို သိဟိုဠ်ရှင်
တင်ယူဆောင်လာ မျှော်ကာမြင်မိငြား။
တ,ဆိုငိုသားငယ် ခုပင်ကြားမြင် ခါဖန်ဖန်။
သြော်ကံ ရွှေဖူးစာငယ်နှယ်
ကြုံတယ် ဘယ်ရှေးဝဋ်တုံ့လှယ်
ခုသည်ဝယ် ဆည်ဖွယ်ကြံရွယ်
ပူနှယ်ပိုအင် သက်ခင်ကြွေလုသည်း
မြင်တော်လာဘဲငယ်နှင့်သာ
ကွဲကြေပူဗျာပုံ
မှော်ရုံဂူနန်း စံတော်ရာ
မျှော်ကာမြင်သေး ဆိုယောင်သားငယ်
ဘယ်မှာ ဆည်နိုင်အောင်ကို လွမ်းဝှန်ထပ်ပို ဆွေးညွတ်ပြို။
( မြရေညို ပင်လယ်သိဟိုဠ်
လေနန်းဝေယန် ဗိမာန်တောင်စွယ်ခို
အာကာဘုံလယ်ဝေမိုရ် ငွေနှင်းသွယ်ယို
ကြေကွဲရန်ကကို။ )2
( အို ဘုန်း မြင်တော်မူလှဲ့အုံး
ကြော့ယဉ်ဆုံးငယ် ရွှေကေရှင်
သော်တာလနန်း ငွေတိမ်စင်
ကြေးမုံပြင် သွင်မြသား။ )2
( တ,ယောင် ဘုန်းမောင်ရွှေကိုယ်သား
ဟေဝန်ဖျား မြိုင်သီလာ
တောင်ယံတောစွယ် သာမောဖွယ်စေ
ယဉ်ရေသွယ်သွယ်ဖြာ
ကန်သာသီတာ စီကာသန်း
ရွှေကိုယ်သည်ဝယ်ပူနယ် ပန်းအောင်မယ်မောင်
ဗျာဝှန်ပိုမို ဆိုငိုမှိုင်ယောင်
သည်းခေါင်းကြွေလုပန်း။ ။ )2

Комментарии

Информация по комментариям в разработке