ဖူးပွေ့လက်တင်(ဘောလယ်)

Описание к видео ဖူးပွေ့လက်တင်(ဘောလယ်)

(အိမ်ရှေ့မင်းကြီးထံသို့၊ မြင်းစာရေးကြီး၏ညီ
မောင်မောင်ဘ ရေးဆက်သော(ဘောလယ်)

လှိုင်ထိပ်ခေါင်တင်ရေးသော နာဂဆဒ္ဒန်ချီ ဘောလယ်ကို ပြန်ရေးသည်။)

[
ဖူးပွေ့လက်တင် တွေ့မြင်ချင်ရေးငယ်နှင့်
နေ့စဉ်ပင်ဆွေးပါရ ငေးငိုမိမှိုင်
လဲမလို့ သဲညှို့ခွေယိုင် မပြေနိုင်ကျွမ်းတယ်လေး လွမ်းဗျာထုဆိုင်။

လက်သုံးတော်ဓါးကိုလ ယောင်မှာကာကိုင်
နိုင်ချင်လိုလို့ ဟုတ်ပါပဲ
နှုတ်အာရဲတယ်လို့ အပြစ်တင်
မချစ်ပြင်ပြင်
ချစ်ရင် အကျိုးကိုလေး
ငြှိုးမာန်ဖွဲ့ဆင်။

(သက်တော်မူရက်တာဖြင့်
အသက်ကိုပင်.)3
ကျေနပ်အောင်စီရင်၍
ပြုချင်တော်တိုင်း
ခုခင်နော်ဆိုင်းပါနဲ့
ပိုင်းဖို့ရယ်

မြရိုးသီလဝင်
သံစက်သွားကိုလေး
ထားအပ်ပါ့မယ်

ငါးပါးမာန်တက်သူမို့
ရက်စက်လေတယ်
သက်သက်ကယ်သွေဖယ်လို့
မေတကယ်စိမ်း
သေလွယ်မှ ငြိမ်းမှာထင့်
နွဲ့ယိမ်းနွဲ့ယိုင်
မြစိမ်းလဲ့ခိုင်
သန္ဓေနှစ်ကယ်လေး စိမ်းရှာဖြစ်နိုင်။ ။
]

Комментарии

Информация по комментариям в разработке