လွိုင်ကော်မြို့မှ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ နောက်ဆုတ်ပေးလိုက်ရပြီ

Описание к видео လွိုင်ကော်မြို့မှ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ နောက်ဆုတ်ပေးလိုက်ရပြီ

လွိုင်ကော်မြို့မှ ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေ နောက်ဆုတ်ပေးလိုက်ရပြီ
------------------
ပြည်နယ်မြို့တော် လွိုင်ကော်ကို ဇွန်လကုန်ပိုင်းကစတင်ပြီး စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်လိုက်တာကြောင့် ကရင်နီတော်လှန်တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေဟာ မြို့ကို ဆုတ်ခွာပေးလိုက်ရပြီလို့ ဒေသခံတွေနဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေဆီကနေ သိရပါတယ်။

လွိုင်ကော်မြို့ရဲ့ ထက်ဝက်ကျော်ကို ကရင်နီတော်လှန်ရေးပူးပေါင်းတပ်တွေက ၇လလောက် ထိန်းချုပ်နိုင်ခဲ့ပေမယ့် အခုနှစ် ဇွန်လအတွင်းမှာ အင်အားရာနဲ့ချီတဲ့ စစ်ကောင်စီထိုးစစ်ကြောင့် တော်လှန်ရေးတပ်ဖွဲ့တွေ မြို့ကို ဆုတ်ခွာလိုက်ရတာ ဖြစ်ပါတယ်။

လွိုင်ကော်မြို့ကို ဒေသခံတွေ ပြန်လည်နေထိုင်ကြဖို့နဲ့ ရေ၊ မီးအပါအဝင် ပြန်လည်ထူထောင်ရေးတွေ စတင်လုပ်ဆောင်နေပြီလို့လည်း စစ်ကောင်စီထိန်းချုပ်ထားတဲ့ မီဒီယာတွေကတစ်ဆင့် ဝါဒဖြန့်နေပါတယ်။

မြို့ကိုစွန့်ခွာခဲ့ကြတဲ့ ဒေသခံအများစုကတော့ တိုက်ပွဲတွေပြန်ဖြစ်မှာ စိုးရိမ်တာကြောင့် ပြန်လည်အခြေချနေထိုင်တာမျိုးထက်၊ ခနပြန်လာ၊ အိမ်သန့်ရှင်းရေးလုပ်ပြီး မြို့ကနေ ပြန်ထွက်ကြတာများတယ်လို့ စစ်ရှောင်အရေးကူညီနေတဲ့ လွိုင်ကော်ဒေသခံတစ်ဦးက ပြောပါတယ်။

သတင်း၊ တင်ဆက် - မြတ်ကြီး

Комментарии

Информация по комментариям в разработке