သံဃာတွေအနေနဲ့ ခေါင်းငုံ့ခံမနေသင့်တော့ဘူး

Описание к видео သံဃာတွေအနေနဲ့ ခေါင်းငုံ့ခံမနေသင့်တော့ဘူး

သံဃာတွေအနေနဲ့ ခေါင်းငုံ့ခံမနေသင့်တော့ဘူး
……………………
အထင်ကရ ဆရာတော်ကြီးတစ်ပါးသည် စစ်သားများ၏ ပစ်သတ်မှုကြောင့် ဇွန်လ ၁၉တွင် ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရသည်။ ပဲခူးမြို့၊ ဝင်းနိမ္မိတာရုံဆရာတော် ပျံတော်မူရခြင်းသည် ၎င်းတို့လက်ချက်ကြောင့်ဟု စစ်တပ်က ဝန်ခံထားပြီးဖြစ်သည်။

သံဃာများနှင့် အရပ်သားသေဆုံးမှုများအတွက် တော်လှန်ရေးတပ်ဖွဲ့များထံ အပြစ်ပုံချလေ့ရှိသည့် စစ်တပ်က ၎င်းတို့ကျူးလွန်သည့် မြောက်များစွာသော အကြမ်းဖက်မှုများထဲမှ ရှားရှားပါးပါး ဝန်ခံချက်တစ်ခုလည်း ဖြစ်သည်။

စာပေကျမ်းဂန် အကျော်အမော် ဆရာတော်တစ်ပါးကို ယခုလို နေ့ခင်းကြောင်တောင်အချိန် လက်လွတ်စပယ် ပစ်သတ်သည့်ကိစ္စကို ‘မေ့ပစ်၍မရ’ ကြောင်း လွန်ခဲ့သည့် ၁၇နှစ်ခန့်က ရွှေဝါရောင်သံဃာလှုပ်ရှားမှုတွင် ထင်ရှားခဲ့သူ ဦးဂမ္ဘီရ(ခ)ဦးညီညီလွင်က ပြောသည်။

ပဲခူးဆရာတော် ပစ်သတ်ခံရမှုနှင့်ပတ်သက်ပြီး တော်လှန်ရေးအားကောင်းသည့် အနည်းဆုံး မြို့နယ် ၅ခုတွင် သံဃာတော်များက စစ်တပ်ကို သပိတ်မှောက်ကံဆောင်နေကြသည်။

‘ပတ္ထနိက္ကုဇ္ဇနကံဆောင်ခြင်း’ ဟုခေါ်သည့် စစ်တပ်ကို သပိတ်မှောက် ကံဆောင်မှုသည် မြန်မာနိုင်ငံတွင် ၁၉၉၀ခုနှစ်က စတင်ခဲ့သည်။ ထို့နောက် ၁၇နှစ်အကြာ ၂၀၀၇ခုနှစ်တွင်လည်း ‘ရွှေဝါရောင်တော်လှန်ရေး’ ဟုအမည်တွင်သော သံဃာတော်များ ဦးဆောင်၍ သပိတ်မှောက်ခဲ့ကြသည်။

ထူးခြားစွာပင် နောက်ထပ် ၁၇နှစ်အကြာ ယခု ၂၀၂၄ခုနှစ်တွင်လည်း သံဃာတော်များ စစ်တပ်ကို သပိတ်မှောက်မှု တစ်ဖန်ပေါ်ပေါက်လာပြန်သည်။

ယခုအကြိမ် သပိတ်မှောက်ကံဆောင်မှုသည် ၂၀၀၇ခုနှစ်ကလောက် သံဃာတော်များ ပါဝင်နိုင်ချေ ရှိ၊ မရှိနှင့် ဗုဒ္ဓဘုရားဟောကြားချက်အရ မည်သို့သော အခြေအနေများတွင် သံဃာတော်များ သပိတ်မှောက်နိုင်သည်ကို ဦးဂမ္ဘီရနှင့် ဆက်သွယ်မေးမြန်းထားသည်။

မေးမြန်း - စထွန်းအောင်

Комментарии

Информация по комментариям в разработке