စစ်ပူနေတဲ့ မန္တလေး အိမ်ခြံ၊ မြေစျေးတွေ အဆမတန်တက်နေ

Описание к видео စစ်ပူနေတဲ့ မန္တလေး အိမ်ခြံ၊ မြေစျေးတွေ အဆမတန်တက်နေ

စစ်ပူနေတဲ့ မန္တလေး အိမ်ခြံ၊ မြေစျေးတွေ အဆမတန်တက်နေ (ရုပ်/သံ)

စောမေရီ၊ စက်တင်ဘာ ၃၀၊ ၂၀၂၄

ညီနောင်မဟာမိတ် ၃ ဖွဲ့က ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးတွေနောက်ပိုင်း ရှမ်းပြည်နယ် နဲ့ ထိစပ်နေတဲ့ မန္တလေးမှာ အိမ်ခြံ၊ မြေစျေးတွေ အဆမတန် မြင့်တက်နေတယ်လို့ အိမ်ခြံမြေလုပ်ငန်းရှင်တွေက ဧရာဝတီကို ပြောပါတယ်။

အာဏာသိမ်းပြီး ၂၀၂၁ နဲ့ ၂၀၂၂ အစောပိုင်းကာလတွေမှာ မန္တလေးက အိမ်ခြံ၊ မြေ စျေးကွက်ဟာ ရောင်းလိုအားနဲ့ ဝယ်လိုအား မျှခြေရှိခဲ့ပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ ဝယ်လက်တွေ တိုးလာပြီး အခုလို စျေးနှုန်းတွေ အဆမတန် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။

ဝယ်လက်တွေ အများစုဟာ လားရှိုး၊ ပြင်ဦးလွင်၊ မိုးကုတ်က လုပ်ငန်းရှင်တွေဖြစ်ပြီး မိသားစုအလိုက် ပြောင်းရွှေ့ နေထိုင်ဖို့ သိန်းထောင်ချီတဲ့ အိမ်တွေကို ဝယ်ယူနေကြတာပါ။ စစ်ကိုင်းနဲ့ ပြင်ဦးလွင်က ပြောင်းရွှေ့လာတဲ့ စစ်ကောင်စီဘက်က ရာထူးအကြီးပိုင်းတွေလည်း မိသားစုအလိုက်နေထိုင်ဖို့ ဝယ်ယူနေကြတယ်လို့လည်း သိရပါတယ်။

ဒါ့အပြင် ရှမ်းမြောက်၊ စစ်ကိုင်းနဲ့ မန္တလေးတဝိုက်က စစ်ပဋိပက္ခတွေကြောင့် အဲ့ဒီအနီးတဝိုက်က မြို့နယ်တွေနဲ့ ကျေးရွာတွေက သူတွေလည်း ပြောင်းရွှေ့လာကြပြီး အခြေချနေထိုင်ဖို့ တိုးချဲ့ရပ်ကွက်တွေမှာ ဝယ်ယူနေကြတယ်လို့ ပြောပါတယ်။

#မြန်မာ #ဧရာဝတီ #မန္တလေး #အိမ်ခြံမြေ #စစ်ကိုင်း #ပြင်ဦးလွင်

Комментарии

Информация по комментариям в разработке