"ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်တို့ရှိတဲ့နေရာကို ထိုးစစ်ဆင်လာတာ "- ဗိုလ်မှူးခမ်းစံ

Описание к видео "ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်တို့ရှိတဲ့နေရာကို ထိုးစစ်ဆင်လာတာ "- ဗိုလ်မှူးခမ်းစံ

"ရည်ရွယ်ချက်ရှိရှိနဲ့ ကျွန်တော်တို့ရှိတဲ့နေရာကို ထိုးစစ်ဆင်လာတာ "- ဗိုလ်မှူးခမ်းစံ၊ RCSS/SSA
-----------------
ရှမ်းပြည်နယ်အရှ့ပိုင်း မိုင်းပျဉ်းမြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) တို့ ယမန်နေ့ (စက်တင်ဘာ ၁၉) တွင် တိုက်ပွဲဖြစ်ပြီးနောက် RCSS က စစ်အင်အားများ တပ်ဖြည့်တင်းထား ကာ စစ်ရေးတင်းမာနေကြသည်။

စစ်တပ်နှင့် လက်အောက်ခံ ပြည်သူ့စစ် အင်အား ၁၀၀ ကျော်သည် မိုင်းပျဉ်းမြို့နယ် တောင်ဘက်ရှိ RCSS တပ်ဖွဲ့ ဝင်များရှိရာနေရာကို ယမန်နေ့ နေ့လယ်က ထိုးစစ်ဆင်လာသဖြင့် တိုက်ပွဲဖြစ်ရသည်ဟု RCSS ဘက်က ဆိုသည်။

စစ်ကောင်စီဘက်က ရည်ရွယ်ချက်ရှိရှိဖြင့် ထိုးစစ်ဆင်လာခြင်း ဖြစ်ပြီး၊ ဆက်လက် ထိုးစစ်ဆင်လာပါက ပြန်လည်ခုခံရန် အသင့်ပြင်ထားကြောင်း RCSS ပြောခွင့်ရသူ ဗိုလ်မှူးခမ်းစံ က Myanmar Now ကို ပြောသည်။

မေးမြန်း - စောရယ်

Комментарии

Информация по комментариям в разработке