တော်လှန်ရေးတပ်များ ထိန်းချုပ်မှုအောက်ရောက်သွားသည့် တရုတ်စီမံကိန်းကြီးများ

Описание к видео တော်လှန်ရေးတပ်များ ထိန်းချုပ်မှုအောက်ရောက်သွားသည့် တရုတ်စီမံကိန်းကြီးများ

နိုင်ငံအဝှမ်း တရုတ်စီမံကိန်းအများအပြား တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားပြီ
........
ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်နယ်စပ်မြို့တွေကနေ နိုင်ငံအလယ်ပိုင်း မန္တလေးတိုင်းထဲအထိ စစ်ကောင်စီတပ်ရဲ့ ထိန်းချုပ်နယ်မြေတွေ ဆုတ်ယုတ်လာပြီး၊ အဲ့ဒီဒေသတွေက တရုတ်ရင်းနှီးမြှုပ်နှံမှုစီမံကိန်း အများအပြားဟာလည်း တော်လှန်ရေးအင်အားစုတွေရဲ့ ထိန်းချုပ်မှုအောက်က ရောက်ရှိလာပါတယ်။

မြန်မာ-တရုတ် နယ်စပ်မျဉ်းကနေ မန္တလေးမြို့အနီးထိ လက်လွှတ်လိုက်ရတဲ့ စစ်ရှုံးစစ်ကောင်စီဟာ မြန်မာရဲ့ အကြီးဆုံးကုန်သွယ်ဖက်နဲ့ ရင်းနှီးမြှုပ်နှံသူ စီးပွားဖက်ဖြစ်တဲ့ တရုတ်နိုင်ငံရဲ့ အကျိုးစီးပွားတွေကို အပြည့်အဝကာကွယ်နိုင်စွမ်း ကင်းမဲ့သွားပြီလို့ စစ်ရေးနဲ့ စီးပွားရေးလေ့လာသူတွေက ပြောပါတယ်။

အမေရိကန်ဒေါ်လာ သန်း ၈၅၀ ကျော် ရင်းနှီးမြှုပ်နှံထားတဲ့
စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်ထဲက တရုတ်နိုင်ငံပိုင်စီမံကိန်းတစ်ခုဖြစ်တဲ့ တကောင်းနီကယ်စက်ရုံကို အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ပြည်သူကာကွယ်ရေးတပ်တွေက ဇူလိုင်လကုန်မှာ သိမ်းပိုက်ထားပါတယ်။

စစ်ကောင်စီတပ်စွဲခဲ့တဲ့ မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့နယ်ထဲက တရုတ်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်တဲ့ အယ်လ်ဖာဘိလပ်မြေစက်ရုံဧရိယာထဲမှာလည်း အခုဆိုရင် တော်လှန်ရေးတပ်ဖွဲ့တွေက တပ်စွဲထားနိုင်ပါပြီ။

နိုင်ငံအနှံ့မှာ စစ်မျက်နှာဖွင့်ထားရတဲ့အပြင် နယ်မြေစိုးမိုးမှု ကျဉ်းမြောင်းလာတာကြောင့် မန္တလေးနဲ့ ရှမ်းမြောက်မှာ သာမက တခြားတိုင်းနဲ့ ပြည်နယ်တွေမှာလဲ စစ်ကောင်စီလက်လွှတ်ရမယ့် စီပွားရေးစီမံကိန်းများစွာရှိနေပါတယ်။

အာရက္ခတပ်တော် (AA) ရဲ့ တိုက်စစ်ကြောင့် ရခိုင်ပြည်နယ်မှာ နှစ်စဉ် ဒေါ်လာသန်းနဲ့ချီ ဝင်ငွေရနေတဲ့ စီးပွားရေးလုပ်ငန်းတွေကို စစ်တပ်က လက်လွှတ်ရမယ့်ကိန်း ဆိုက်နေတာပါ။

သတင်း၊ တင်ဆက် - အောင်နိုင်၊ မြတ်ကြီး

Комментарии

Информация по комментариям в разработке