စိုးလင်းဦးဆိုသည်မှာ (စိန်ခေါ်သူများတွက် အသင့်)

Описание к видео စိုးလင်းဦးဆိုသည်မှာ (စိန်ခေါ်သူများတွက် အသင့်)

အေပရယ်လ ၉ ရက်နေ့ စက်ရုံကလပ်ရဲ့ လေ့ကျင့်ကွင်းမြေ ကြိုးဝိုင်းစင်ကြီးပေါ်မှာ ထိပ်တန်းလက်ဝှေ့ကျော် စိုးလင်းဦးနှင့် စက်ရုံကလပ်ရဲ့ အကြီးတန်း သျှူးခလိန်းမင်း တွေ့ကြပါပြီ။ စိုးလင်းဦးကပဲ ခင်းထားတဲ့ ဘယ်ရှေ့ခြေထုတ်ပြီး တချက်လှမ်းတို့ စတင်လိုက်တယ်။ ဘယ်ထောက်လက်သီးတချက်ဆီပြိုင်တူထွက်သွားတယ် သူထောက်ကိုယ်ထောက်။ စိုးလင်းဦးရဲ့ ခါးတဝိုက်ကို စက်ရုံသားက အားအပါဆုံး ခတ်ခြေတချက် ညာခတ်ထည့်တယ်။ စိုးလင်းဦးဘယ်ဒူးကာခင်လို့ ပြင်းထန်ပေမယ့်မထိရောက်ပါဘူး စိုးကြီးက ဘယ်ဖြောင့်တလုံးပစ်သွင်းတယ် မထိရောက်။ သျှူးခလိန်းမင်းဘယ်ခြေပြပြီး တချက်ဟန့်လိုက်တယ် ဝင်ဖို့လုပ်ပေမယ့် မဝင်လိုက်သွားပါဘူး။

ဒီနောက်မှာတော့ ဘယ်ဖြောင့်ညာပင့်တစုံကို စိုးကြီးက ပိုင်ပိုင်နိုင်နိုင် စပစ်ထည့်လိုက်တယ်။ အနီးကပ် - ကဲ အဲ့ဒီမှာပဲ ချိန်သားကိုက်လွန်းစွာ သျှူးခလိန်းမင်းဝိုက်ထည့်လိုက်တဲ့ ညာဝိုက်တံတောင်က တကယ့်ကိုကွက်တိ။ သွေးစီးထွက်လာတဲ့ ပူနွေးမှုကို စိုးကြီးစတင်ခံစားလိုက်ရတယ်။ ဘယ်မျက်ခုံးအောက် နွေးကနဲ။ စိုးလင်းဦးက လက်ခံကြိုဆိုတဲ့ တည်ငြိမ်မှုနဲ့ ခေါင်းကိုဆတ်ကနဲငြိမ့်ပြတယ် တော်တယ်ညီလေးပေါ့ ...။ စိုးကြီးလက်ဟာ တဆက်တည်းပဲ မျက်ခုံးကသွေးတွေကို လှမ်းသုတ်ပြီးသားပါ။

စိုးကြီးသွေးကိုစတွေ့လို့လားမသိ သျှူးခလိန်းမင်းက ရဲတင်းလာပြီး ရှေ့ကိုတိုးဝင်လာတော့ စိုးကြီးက ရှေ့ခြေကြွပြီး စောင့်တယ်။ စိန်ခေါ်သူ သျှူးခလိန်းမင်းက စိုးကြီးရဲ့ ထောက်ထားတဲ့ညာခြေကို အားကြီးနဲ့ပိုင်းချလိုက်တယ်။ ပွဲအစ အားအပြည့်မိုး စိုးကြီး ခွေကျသွားတော့ ခုမှစိုးလင်းဦးရဲ့မျက်နှာက သွေးကိုမြင်သွားပြီဖြစ်တဲ့ သျှူးခလိန်းမင်းပရိသတ်တွေဆီက ဟေး.....ကွဲသွားပြီ ကွဲသွားပြီ ထိုးထိုးဆိုတဲ့ အသံကြီးတွေက စီကနဲ ။ စိုးလင်းဦးဟာ စိန်ခေါ်သူ ညီလေးငယ်များအတွက် အသင့်ဖြစ်နေဆဲဆိုတာ သွေးတွေကြားကပဲ ပြုံးပြုံးရွှင်ရွှင်နဲ့ လူချစ်လူခင်အများဆုံး လက်ဝှေ့သမား။ ရှုစားပေးပါဦး

Комментарии

Информация по комментариям в разработке