စစ်ခေါင်းဆောင် သားနဲ့သမီး အုပ်စီးထားတဲ့ လျှပ်စစ်ကားလုပ်ငန်း (ရုပ်/သံ)

Описание к видео စစ်ခေါင်းဆောင် သားနဲ့သမီး အုပ်စီးထားတဲ့ လျှပ်စစ်ကားလုပ်ငန်း (ရုပ်/သံ)

စစ်ခေါင်းဆောင် သားနဲ့သမီး အုပ်စီးထားတဲ့ လျှပ်စစ်ကားလုပ်ငန်း (ရုပ်/သံ)

ဧရာဝတီ၊ ဩဂုတ် ၂၃၊ ၂၀၂၄

စစ်ကောင်စီလက်ထက် ပြည်ပမှ တင်သွင်းသော ကုန်စည်များထဲတွင် အထူးအခွင့်အရေး ရနေသည့် ကုန်စည်မှာ လျှပ်စစ်ကား (EV) ဖြစ်သည်။ ပို့ကုန်ရငွေရှိပါက နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ (FESC) ၏ ခွင့်ပြုချက် စောင့်စရာမလိုဘဲ တင်သွင်းခွင့် အထူးအခွင့်အရေး ဖြစ်သည်။ တခြားသော အခွင့်အရေး ပေးထားသည်များလည်း ရှိသည်။

စစ်တပ်က အာဏာသိမ်းပြီးနောက် စက်သုံးဆီ၊ စားအုန်းဆီနှင့် ဆေးဝါးကဲ့သို့သော တိုင်းပြည်အတွက် အလွန် အရေးပါသည့် ကုန်ပစ္စည်းများ တင်သွင်းလိုပါက နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီ၏ ခွင့်ပြုချက်ရရှိမှ တင်သွင်းရသည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပေးသော သွင်းကုန်ပါမစ် တခုတည်းဖြင့် သွင်းမရပေ။

ယခုကဲ့သို့ လျှပ်စစ်ကား ကားတင်သွင်းခွင့်လုပ်ငန်းကို အထူးအခွင့်အရေးပေးရခြင်းသည် စစ်ခေါင်းဆောင် မင်းအောင်လှိုင် သားနှင့်သမီး လုပ်ကိုင်သောလုပ်ငန်း ဖြစ်ခြင်းကြောင့် ဖြစ်သည်။

ထို့ကြောင့်လည်း စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လျှပ်စစ်ကား တင်သွင်းခြင်းလုပ်ငန်းကို စစ်ကောင်စီလက်အောက်ရှိ မီဒီယာများက အကျယ်တဝင့် ရေးသားဖော်ပြခဲ့ကြသည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ သားဖြစ်သူ ကိုအောင်ပြည့်စုံ၏ လျှပ်စစ်ကား တင်သွင်းသည့်လုပ်ငန်းတွင် အဓိက ပါဝင်သူများမှာ လက်ရှိ စစ်ဘက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) ချုပ် ဒုဗိုလ်ချုပ်ကြီး ရဲဝင်းဦး၏သား၊ ဦးဥက္ကာအေး၊ ဦးရဲကံဇော်၊ ကိုကြည်သာဟန်နှင့် အဆိုတော် အာဘွိုင်းတို့ ဖြစ်သည်။

#မြန်မာ #ဧရာဝတီ #အောင်ပြည့်စုံ #ခင်သီရိသက်မွန် #ရဲဝင်းဦး #လျှပ်စစ်ကား
စာဖတ်သူများ၏ ပံ့ပိုးမှုက ပြည်သူများ လိုအပ်နေသည့် အကောင်းဆုံး နှင့် အရည်အသွေးမီ သတင်းများကို ဖော်ပြစေနိုင်မည်။
Support The Irrawaddy: https://bit.ly/3btQYpR

Комментарии

Информация по комментариям в разработке