စစ်မှုထမ်းအပတ်စဥ် ၁ သင်တန်းဆင်းတွေရဲ့ ကိုယ်တွေ့

Описание к видео စစ်မှုထမ်းအပတ်စဥ် ၁ သင်တန်းဆင်းတွေရဲ့ ကိုယ်တွေ့

RFA စကားဝိုင်း
"စစ်မှုထမ်းအပတ်စဥ် ၁ သင်တန်းဆင်းတွေရဲ့ ကိုယ်တွေ့"
~~~
■ စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဖေဖော်၀ါရီလ ၁၀ ရက်နေ့က စစ်ထဲမ၀င်မနေရ ဥပဒေကို ထုတ်ပြန်လိုက်ပြီးနောက် စစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့တွေ ဆက်တိုက်ဖွဲ့စည်းလိုက်ပါတယ် တစ်ဆက်တည်း ရန်ကုန်အပါအ၀င် မြို့တိုင်းလိုလိုမှာ စာရင်းကောက်တဲ့ လုပ်ငန်းတွေကို စတင်လာပြီး တချို့ဒေသတွေမှာ မဲနှိုက်ပြီး လူရွေးတာတွေ လုပ်လာပါတယ်။ အစီအစဥ်အရ စစ်မှုထမ်းဖို့ အပတ်စဥ်တစ်ခုမှာ လူ ငါးထောင် စစ်သင်တန်းတက်စေမှာပါ။ ဒါကြောင့် လူငယ်တွေ၊ မိဘတွေ စိုးရိမ်ပူပန်ကြရပါတယ်။ စစ်ကောင်စီကတော့ ဒီလူငယ်တွေကို ရှေ့တန်းကို ပို့မှာမဟုတ်ဘဲ မိမိဒေသရပ်ရွာ လုံခြုံရေးတာ၀န်အတွက် ဖြစ်တယ်လို့ပြောခဲ့ပေမဲ့ ပြီးခဲ့တဲ့လပိုင်းလောက်ကစပြီး တိုက်ပွဲတွေဖြစ်နေတဲ့ နေရာတွေမှာ အပတ်စဥ် ၁ သင်တန်းဆင်းတွေကို လက်နက်တပ်ဆင် စစ်တိုက်ခိုင်းတာတွေ တွေ့မြင်ရပြီး တိုက်ပွဲတွေမှာ သေဆုံးသူတွေ ထွက်ပြေးသူတွေ ရှိလာပါတယ်။ ပြီးခဲ့တဲ့ ဧပြီလအတွင်းက စစ်ကိုင်းတိုင်း၊ မုံရွာမြို့ကနေ အရာတော်မြို့ကို ရောက်လာတဲ့ စစ်မှုထမ်းသင်တန်းသားသစ် ၄၅ ဦးကို ဧပြီလ ၁၂ ရက်နေ့က ကယ်တင်နိုင်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က သတင်းထုတ်ပြန်ထားပါတယ်။ အဲ့ဒီသင်တန်းသားတွေထဲမှာ ပေါ်တာဆွဲပြီး စစ်သင်တန်း တက်ခိုင်းသူတွေ ပါ၀င်နေသလို ကိုယ်တိုင်မဲမနှိုက်ရဘဲ မဲပေါက်တယ်ဆိုပြီး အဓမ္မသင်တန်းတက်ဖို့ ဖမ်းဆီးခေါ်ဆောင်လာသူတွေလည်း ပါ၀င်တယ်လို့ ဖမ်းဆီးခေါ်ဆောင်ခံရသူတွေက ပြောပါတယ်။

အခုတစ်ပတ်စကား၀ိုင်းမှာ စစ်မှုထမ်းဥပဒေအရ အပတ်စဥ် ၁ တက်ရောက်ခဲ့ပြီး PDF တွေထံကို ရောက်လာတဲ့ သင်တန်းသားတွေ ကိုယ်တိုင်ပြောပြချက်တွေကို ကြားရမှာဖြစ်ပြီး သူတို့ပြောပြချက်အတွေပေါ် သုံးသပ်ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ပါ၀င်ဆွေးနွေးမဲ့သူတွေကတော့ စစ်မှုထမ်း အပတ်စဥ် ၁ သင်တန်းဆင်းရဲဘော်ဖြစ်တဲ့ ကိုကံထူးလွင်၊ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဒုတပ်ရင်းမှူး ကိုကျော်ကြီး၊ ပြည်သူ့ပန်းတိုင်အဖွဲ့ ဦးဆောင်ကော်မတီ ဒေါ်သဉ္ဇာရွှန်းလဲ့ရည်နဲ့ ဘီဘီစီ မြန်မာပိုင်းဌာန သတင်းသမားဟောင်း ဦးအောင်သူရတို့ဖြစ်ပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင် စီစဥ်တင်ဆက်ထားပါတယ်။
____________
#စစ်မှုထမ်းဥပဒေ #လွတ်လပ်တဲ့အာရှအသံ #rfaburmese

Subscribe ▶ http://bit.ly/2ajgBxf

မိုဘိုင်းအက်ပ် ▶ https://smarturl.it/RFAburmeseapp
ဝဘ်ဆိုက် ▶ https://www.rfa.org/burmese
ဖေ့စ်ဘွတ်ခ် ▶   / rfaburmese  
တွစ်တာ ▶   / rfaburmese  
အင်စတာဂရမ် ▶  / rfaburmese  
တယ်လီဂရမ် ▶https://t.me/rfaburmeseofficial

(လွတ်လပ်တဲ့အာရှအသံရဲ့ တာဝန်နဲ့ရည်ရွယ်ချက်ဟာ သက်ဆိုင်ရာအစိုးရတွေရဲ့ ပိတ်ပင်ဟန့်တားမှုတွေကြောင့် သတင်းလွတ်လပ်ခွင့်မရှိတဲ့ အာရှနိုင်ငံတွေအတွက် တိကျမှန်ကန်တဲ့ သတင်းအချက်အလက်တွေ ထုတ်လွှင့်ပေးဖို့ ဖြစ်ပါတယ်။)

Комментарии

Информация по комментариям в разработке