မြင်းခြံကျားနက်အဖွဲ့၏ တောတွင်းတော်လှန်သင်္ကြန်သံချပ်

Описание к видео မြင်းခြံကျားနက်အဖွဲ့၏ တောတွင်းတော်လှန်သင်္ကြန်သံချပ်

007 (မဇ္ဈိမ) ။ ။စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်နေသည့် မန္တလေးတိုင်းအခြေစိုက် မြင်းခြံကျားနက် အဖွဲ့၏ တောတွင်း သင်္ကြန်သံချပ်အစီအစဉ်ကို မဇ္ဈိမအနေဖြင့် တဆင့်ပြသပေးခြင်းဖြစ်ပါသည်။

အလွှာပေါင်းစုံမှလူငယ်များဖြင့် ဖွဲ့စည်းထားသည့် မြင်းခြံကျားနက်အဖွဲ့ Myingyan Black Tiger (MBT) သည် မြန်မာ့ဓလေ့သင်္ကြန်ပွဲတော်တွင် လူငယ်သဘာဝအတိုင်း ပျော်ရွှင်စွာဆင်နွှဲချင်သော်လည်း ပြည်သူ အတွက် စစ်အာဏာရှင်ကို လက်နက်ကိုင်တော်လှန်တိုက်ခိုက်နေရသည့်ကာလဖြစ်၍ တောတွင်းမှာပင် သံချပ်ထိုးပြီး ပေါက်ကွဲလိုက်ရခြင်းဖြစ်ကြောင်း ဆိုသည်။

“သင်္ကြန်ရောက်တိုင်း ကျွန်တော်တို့တွေရဲ့နှလုံးသားတွေ ဆုတ်ချေခံရသလို ခံစားရပါတယ်။

ပြီးခဲ့တဲ့ ငရံ့အိုမင်းလှတိုက်ပွဲမှာ လက်နက်ခဲယမ်းရိက္ခာမပြည့်မစုံနဲ့ စစ်ကောင်စီကိုတော်လှန်ရင်း ကျည်ဆန်ထိလို့ အူမကြီးခွဲစိတ်ဖြတ်ထုတ်လိုက်ရတဲ့ လူနာရဲဘော်ဟာ အခုထိဆေးရုံက မဆင်းရသေးပါဘူး။ အပျော် ကြိုက်တဲ့ ကျွန်တော်တို့အရွယ်လူငယ်တွေ အသက်တွေဘဝတွေပေးပြီး လက်နက်ကိုင်တော်လှန်နေ ချိန် မှာ စစ်ကောင်စီဖန်တီးနေတဲ့ သင်္ကြန်အတုကို မိဘပြည်သူအားလုံးက သပိတ်မှောက်ပေးစေချင်တယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ Myingyan Black Tiger တော်လှန်သင်္ကြန်သံချပ်လေးနဲ့ ပေါက်ကွဲပြထားတာ လေးကို ရှုစားနားဆင်စေလိုပါတယ်” ဟု ဗိုလ်မိုက်ခဲကဆိုသည်။

ပြည်သူလူထုအနေဖြင့် စစ်ကောင်စီကပြုလုပ်သည့် သင်္ကြန်အတုအယောင်ကို မပါဝင်မဆင်နွှဲကြဘဲ မိမိ အိမ်မှာပဲနေကြရန်၊ လူငယ်များတောင်မှ လက်နက်ကိုင်လမ်းစဉ်ကို ရွေးချယ်တိုက်ခိုက်နေချိန်တွင် ပြည်သူများက ခဏတာမြိုသိပ်ထားပြီး အိမ်တွင်နေပေးကြရန်လည်း ၎င်းအဖွဲ့က တိုက်တွန်းသည်။

“သိပ်မကြာခင်ကာလမှာ ဒီထက်မကတဲ့ပျော်ရွှင်မှုပေါင်းများစွာနဲ့ပြန်လည်ပျော်ရွှင်ဖို့ အချိန်လည်း သိပ် မကျန်တော့ပါဘူး။ ဒါကြောင့် အများပြည်သူအနေနဲ့ မအလလုပ်တဲ့သင်္ကြန်မှာ အပြင်မထွက်ဘဲနေပေး ကြပါ” ဟု မြင်းခြံကျားနက်အဖွဲ့တာဝန်ရှိသူက မဇ္ဈိမကိုပြောသည်။

စာတည်း။ ။စောဖေ
စာမူတည်းဖြတ်။ ။စောဖေ

#မန္တလေးတိုင်း
#မြင်းခြံမြို့နယ်
#Myingyan_Black_Tiger
#တော်လှန်သင်္ကြန်
#သံချပ်


-----------------------------------------
@MizzimaTV
မဇ္ဈိမကို လွတ်လပ်တဲ့ မီဒီယာအဖြစ်ရပ်တည်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဖို့ ဖိတ်ခေါ်လိုက်ပါရစေ. လင့်ကို နှိပ်ပြီး သင်ရဲ့အားပေးကူညီမှုကို စတင်နိုင်ပါတယ်. https://bit.ly/2VhJ12U

Subscribe now and join the Mizzima TV family to get insights into Burma's culture and people. With Mizzima TV, you can stay informed about the latest news and events happening in Myanmar, as well as connect with the world.

   / @mizzimanewstv  
Facebook | Myanmar Language - https://bit.ly/3BuWBSJ
Facebook | English language - https://bit.ly/3d5g1V2
Facebook | Mizzima+TV - https://bit.ly/3eGNjdl
Twitter - https://bit.ly/3Dbvqh1
Telegram - https://bit.ly/3RRn2rk
Tiktok - https://bit.ly/3xngMzE
Get Mizzima TV App Free - https://onelink.to/jnuwak/
Website:
https://www.mizzima.com/
https://www.mizzimaburmese.com/
https://www.mizzima.tv/

Комментарии

Информация по комментариям в разработке