သီပေါမြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေ

Описание к видео သီပေါမြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေ

သီပေါမြို့ကို TNLA နဲ့ ပူးပေါင်းတပ်တွေ တိုက်ခိုက်နေ (ရုပ်/သံ)

မိုးသောက်၊ ဩဂုတ် ၁၁၊ ၂၀၂၄

ရှမ်းပြည်နယ်မြောက်ပိုင်းက ၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ သိမ်းယူထားတဲ့ လားရှိုးနဲ့ နောင်ချို ၊ ကျောက်မဲ စတဲ့ မြို့တွေနဲ့ တဆက်စပ်တည်း သီပေါမြို့ကို ရရှိရေးအတွက် တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် TNLA နဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်နေကြပြီဖြစ်ပါတယ်။

TNLA နဲ့ ပူးပေါင်းတပ်တွေဟာ သီပေါ အကျဉ်းထောင်နဲ့ စံဖိတ်ရွာတွေ အပြင် မြို့တွင်းက နေရာတွေကိုပါ သိမ်းပိုက်ထားပြီလို့ မြေပြင်အခြေအနေသိရှိသူတွေက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး ဒုတိယပိုင်းမှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့နဲ့ပူးပေါင်းတပ်တွေဟာ ရှမ်းပြည်နယ် မြောက်ပိုင်းက နောင်ချို ၊ ကျောက်မဲ၊မိုးကုတ် ၊လားရှိုး နဲ့ မိုးမိတ်မြို့တွေကို သိမ်းပိုက်ထားပြီးဖြစ်တာကြောင့် သီပေါမြို့ကိုထပ်ရမယ်ဆိုရင် နောင်ချို ကနေ လားရှိုး တလျောက် ဆက်သွယ်ရေးလမ်းကြောင်းကို အပြည့်အဝ ထိန်းချုပ်နိုင်တော့မှာ ဖြစ်တယ်လို့ စစ်ရေးသုတေသီတွေ ကဆိုကြပါတယ်။

ဒါ့အပြင် အဲ့ဒီမြို့တွေနဲ့ တဆက်စပ်တည်း လမ်းကြောင်းပေါ်မှာရှိနေတဲ့ မန္တလေးတိုင်းထဲက တပ်မြို့တော်ဖြစ်တဲ့ ပြင်ဦးလွင်မြို့ကိုလည်း စစ်ရေးအရ ခြိမ်းခြောက်ထားနိုင်နေပြီ ဖြစ်ပါတယ်။

#မြန်မာ #ဧရာဝတီ #သီပေါမြို့ #သီပေါအကျဉ်းထောင် #TNLA #၁၀၂၇ #ရှမ်းမြောက်

Комментарии

Информация по комментариям в разработке