တရုတ်အနေနဲ့ မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့ (ရုပ်/သံ)

Описание к видео တရုတ်အနေနဲ့ မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့ (ရုပ်/သံ)

တရုတ်အနေနဲ့ မကူညီချင်နေပါ မနှောင့်ယှက်ပါနဲ့ (ရုပ်/သံ)

ဧရာဝတီ၊ စက်တင်ဘာ ၂၅၊ ၂၀၂၄

တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံရေးမှာ ဝင်ရောက် စွက်ဖက်ခြင်းမပြုဖို့နဲ့ ပြည်သူလူထုအပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန်ထားတဲ့ အာဏာသိမ်း စစ်ကောင်စီဘက်က မရပ်တည်ဖို့ ပြည်ပရောက် မြန်မာနိုင်ငံသားတွေက လှုပ်ရှားမှု စတင်လုပ်ဆောင်နေပါတယ်။

မြန်မာပြည်သူလူထုဆန္ဒကို ဆန့်ကျင်ပြီး စစ်ကောင်စီကို ထောက်ပံ့ပေးနေတဲ့ တရုတ်နိုင်ငံရဲ့ လုပ်ရပ်အပေါ် ဆန့်ကျင်ကြောင်း တရုတ်သံရုံးကို စာတွေ ဝိုင်းဝန်းပေးပို့ပြီး စတင်လုပ်ဆောင်ကြမှာဖြစ်တယ်လို့ ဒီလှုပ်ရှားမှုကို ဦးဆောင်တဲ့ ပြည်သူ့ဂုဏ်ရည်အဖွဲ့ က ဧရာဝတီကို ပြောပါတယ်။

တရုတ်သံရုံးကို ပေးပို့မယ့် ကန့်ကွက်စာတွေကို အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ စက်တင်ဘာ ၂၁ ရက်နေ့က ပြုလုပ်ခဲ့တဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ထောက်ခံပွဲ တက်ရောက်ခဲ့သူတွေကို ပြည်သူ့ဂုဏ်ရည်အဖွဲ့က လိုက်လံမျှဝေခဲ့တာတွေ့ရပါတယ်။

တရုတ်နိုင်ငံဟာ စစ်ကောင်စီတပ်ကို သမိုင်းဝင် အရှက်တကွဲ ရှုံးပွဲတွေ တွေ့အောင် တိုက်ခိုက်ထားတဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) နဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကို စစ်တပ်ကို မတိုက်ဖို့ ဖိအားပေးသလို မြေပြင်မှာလည်း စားနပ်ရိက္ခာ ဝင်ပေါက်တွေကို ပိတ်ဆို့ပြီး ပြင်းပြင်းထန်ထန် ဖိအားပေးမှုတွေလုပ်နေပါတယ်။

ဒါ့အပြင် တရုတ်-မြန်မာ နယ်စပ်အခြေစိုက် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ဝ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) တို့ကိုလည်း ဖိအားပေးမှုတွေလုပ်ဆောင်နေတယ်လို့ ဒီအဖွဲ့ ၄ ဖွဲ့ပါဝင်တဲ့ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) သတင်းရင်းမြစ်တချို့က ဧရာဝတီကို ထုတ်ဖော်ပြောဆိုထားပါတယ်။

#မြန်မာ #ဧရာဝတီ #ပြည်သူ့ဂုဏ်ရည် #တရုတ် #FPNCC #MNDAA #TNLA #KIA #UWSA

Комментарии

Информация по комментариям в разработке