မင်းပါရင် တော်လှန်ရေးက ပြီးပြီ

Описание к видео မင်းပါရင် တော်လှန်ရေးက ပြီးပြီ

မင်းပါရင် တော်လှန်ရေးက ပြီးပြီ (ရုပ်/သံ)

ဘုန်းအောင်၊ ဩဂုတ် ၁၉၊ ၂၀၂၄

နိုင်ငံခြားဘာသာ တက္ကသိုလ် နောက်ဆုံးနှစ် ကျောင်းသူတယောက်ဖြစ်တဲ့ ရဲဘော်နန္ဒာဟာ ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ လူငယ်တွေကို စစ်တပ်ကအကြမ်းဖက် ဖြိုခွင်း သတ်ဖြတ်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် အာဏာရှင် စနစ်ကို ဖြုတ်ချဖို့အတွက် လက်နက်ကိုင် လမ်းစဉ်ကို ရွေးချယ်ခဲ့သူပါ။

လိင်စိတ်ခံယူမှု ကွဲပြားသူ ရဲဘော်နန္ဒာဟာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) ရဲ့ အပတ်စဉ် ၄ သင်တန်းဆင်းသူ တဦး ဖြစ်ပြီးလက်နက်ကိုင်တော်လှန်ရေး လမ်းကို ရွေးချယ်ခဲ့တာ အခုဆို ၂ နှစ်ကျော် ရှိပါပြီ။

ရဲဘော်နန္ဒာဟာ တပ်ဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေး အဖွဲ့ဝင် ဖြစ်သလို ရိက္ခာပိုင်းမှာလည်း တာဝန်ယူနေသူပါ။

အချိန်မရွေး အသက်အန္တရာယ် ကျရောက်နိုင်ပြီး ခက်ခဲပင်ပန်းတဲ့ လက်နက်ကိုင် ခရီးကြမ်းကို ကျော်ဖြတ်နေရပေမဲ့လည်း လူငယ်တွေရဲ့ပါဝင်မှု အားကြောင့် ဒီတော်လှန်ရေးဟာ အောင်မြင်မယ်လို့ သူက ယုံကြည်နေပါတယ်။

BPLA ဟာ စစ်ဒေသ ၂ ခု ခွဲပြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ပူးပေါင်း တိုက်ပွဲဝင်နေပြီးရှမ်းမြောက်ဒေသက ၁၀၂၇ စစ်ဆင်ရေးတွေမှာလည်း မဟာမိတ်အဖွဲ့တွေနဲ့ တိုက်ပွဲဝင်နေတာပါ။

#မြန်မာ #ဧရာဝတီ #နန္ဒာ #LGBT #BPLA #လိင်စိတ်ခံယူမှုကွဲပြားသူ

Комментарии

Информация по комментариям в разработке