ဦးလာဘ လူသားတကယ်စားခဲ့သလား

Описание к видео ဦးလာဘ လူသားတကယ်စားခဲ့သလား

၁၉၇၀ ပြည့်နှစ် နှောင်းပိုင်းကာလများက လူသားစားဘုန်းကြီးဆိုပြီး မြန်မာနိုင်ငံမှာ ဟိုးလေးတကျော်ဖြစ်ခဲ့တဲ့ နိုင်ငံကျော်မှုခင်းကြီးတခုဖြစ်ပွားခဲ့ပါတယ်။

တောင်ဥက္ကလာပမြို့နယ် (၅) ရပ်ကွက် ဘုန်းကြီးကျောင်းများစုဝေးရာ အမှတ် (၃) ဝိုင်းထဲက ဘုန်ကြီးကျောင်းတကျောင်းမှ ကျောင်းထိုင်ဘုန်ကြီး ဦးလာဘဟာ ပေါရိသာရကျင့်စဉ်ကျင့်ကြံနေသူဖြစ်ကြောင်း၊ ကျင့်စဉ်အရ လူသားစားပြီး အလောင်းဖျောက်ဖျက်နေကြောင်း ပတ်ဝန်းကျင်မှာ သတင်းပျံ့နေခဲ့တာပါ။

သက်ဆိုင်ရာက ဦးလာဘကျောင်းတိုက်ကို ဝင်ရောက်ဖမ်းဆီးခဲ့ရာမှာ အပိုင်းပိုင်းခုတ်ထစ်ထားတဲ့ လူသေအလောင်း အစအနတွေကိုတွေ့ရှိခဲ့တာကြောင့် ဦးလာဘ လူသားစားတယ်ဆိုတဲ့ ယူဆချက်တွေကို ပိုမိုခိုင်မာသွားစေခဲ့ပါတယ်။

သို့သော် ဦးလာဘ တကယ်ပဲ လူသားစားခဲ့သလား၊ သို့တည်းမဟုတ် ဒါဟာ ကောလာဟလသက်သက်ပဲလားဆိုတာကိုတော့ အဲဒီခေတ်ကာလကို သိမီခဲ့သူတွေ၊ ကျောင်းတိုက်ကို ဝင်ရောက်စီးနင်းရာမှာ ပါဝင်ခဲ့သူတို့ရဲ့ ကိုယ်တွေ့ တွေ့ရှိချက် ပြောပြချက်တွေကနေတဆင့် သုံးသပ်နိုင်ဖို့အတွက် ယခုဗီဒီယိုကို တင်ဆက်ပေးလိုက်ပါတယ်။

#ဦးလာဘ #ဦးလာဘအကြောင်း
#newswatch #myanmar #လူသားပေါက်ဆီ
#crime #crimestory

Комментарии

Информация по комментариям в разработке