People's Spring | အရှိန်ပြင်းပြင်းနဲ့ ​ပေါ်ထွက်လာတဲ့ ​တော်လှန်​ရေးလှိုင်း

Описание к видео People's Spring | အရှိန်ပြင်းပြင်းနဲ့ ​ပေါ်ထွက်လာတဲ့ ​တော်လှန်​ရေးလှိုင်း

အရှိန်ပြင်းပြင်းနဲ့ ​ပေါ်ထွက်လာတဲ့ ​တော်လှန်​ရေးလှိုင်း

-ထားမြတ် /People's Spring

ရှမ်းပြည်နယ်မြောက်ပိုင်း နဲ့ မန္တလေးတိုင်းက စစ်ကောင်စီတပ်စခန်းတွေကို တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ၊ ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(မန္တ​လေး)နဲ့ မဟာမိတ် ပူးပေါင်းတပ်ဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်ပြီး ​တော်လှန်​ရေး လှိုင်းတစ်လှိုင်းထပ်မံ​​ပေါ်ထွက်လာတဲ့အ​ကြောင်း ဒီတစ်ပတ်မှာ ပြောပြချင်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂) လို့ TNLAက အသိပေးထုတ်ပြန်ခဲ့သလို ၊ အမျိုးသားညီညွတ်ရေး ကာကွယ်ရေးဝန်ကြီးဌာနက ရှမ်းမန်းစစ်ဆင်ရေးလို့ အသိပေးထားတဲ့ ပူးပေါင်း​တော်လှန်​ရေးတပ်ဖွဲ့​တွေရဲ့ ထိုးစစ်ဟာ ရှမ်း​မြောက်နဲ့မန္တလေးတိုင်းက မြို့ ​ ငါး မြို့က စစ်တပ်စခန်း​တွေကို ​ဇွန် ၂၄ ည ၊ဇွန် ၂၅ မနက်မှအရှိန်မြှင့်တိုက်ခိုက်လာပါတယ် ။

တိုက်ပွဲမစခင်ကတည်း အပြန်အလှန် စစ်ရေးပြင်ဆင်မှုတွေ ပြုလုပ်ထားကြပြီး​တော့ TNLA ဦး​ဆောင်တဲ့ပူးပေါင်းတပ်​တွေက ဇွန် ၂၄ ရက်ညမှာ မိုးကုတ်မြို့ ဇွန်လ ၂၅ရက် မနက်အ​စောပိုင်းမှာ ကျောက်မဲ၊ နောင်ချို၊ ၊မတ္တရာ၊ မိုးမိတ် မြို့နယ်တွေက စစ်ကောင်စီတပ်စခန်းတွေ ၊တပ်ရင်းဌာနချုပ်တွေ၊ ဂိတ်တွေ စစ်ကောင်စီတပ်စွဲရာနေရာတွေနဲ့ ရဲစခန်းတွေကို ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တာပါ။

ဇွန်လ ၂၄ရက်မှာ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တားဘုန်းကျော်က တအာင်းဒေသ အပါအဝင် မြန်မာနိုင်ငံ တဝန်း စစ်ရေးအရှိန်မြင့်လာနိုင်ကြောင်း ပြည်သူလူထုကို အသိပေးပြီးတဲ့နောက်မှာ အဲဒီ​နေ့ည နဲ့ ​​နောက်တစ်​နေ့ မနက်အ​စောမှာပဲ ၁၀၂၇ စစ်ဆင်ရေး အပိုင်း(၂)ကို ဖော်ဆောင်ခဲ့တာဖြစ်ပါတယ် ။

#ludunwayoo #လူထုနွေဦး #NewsUpdate

𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴
𝗬𝗼𝘂𝗧𝘂𝗯𝗲 -    / @peoplespring  
𝗙𝗮𝗰𝗲𝗯𝗼𝗼𝗸 -   / ludunwayoo  
𝗪𝗲𝗯𝘀𝗶𝘁𝗲 - https://www.ludunwayoo.com/
𝗜𝗻𝘀𝘁𝗮𝗴𝗿𝗮𝗺 -   / ludunwayoo  
𝗧𝗲𝗹𝗲𝗴𝗿𝗮𝗺 - https://t.me/peoplespring

Комментарии

Информация по комментариям в разработке